Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကလေး ၂၀ ကျော် သေဆုံးစေခဲ့တဲ့ အိန္ဒိယ ချောင်းဆိုးပျောက်ဆေးရည် ထုတ်လုပ်တဲ့ ကုမ္ပဏီပိုင်ရှင် အဖမ်းခံရ

ကလေး ၂၀ ကျော် သေဆုံးခဲ့မှုနဲ့ ဆက်နွှယ်တဲ့ ချောင်းဆိုးပျောက်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီ ပိုင်ရှင်ကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကလေး ၂၀ ကျော် သေဆုံးခဲ့မှုနဲ့ ဆက်နွှယ်တဲ့ ချောင်းဆိုးပျောက်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီ ပိုင်ရှင်ကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီ ချောင်းဆိုးပျောက် ဆေးရည်ကို ဓာတ်ခွဲ စစ်ဆေးခဲ့တဲ့အခါ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ လွန်လွန်ကဲကဲ ပါဝင်နေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ သေဆုံးခဲ့တဲ့ ကလေး အများစုဟာ မက်ဒ်ဟယာ ပရာဒက်ရှ် ပြည်နယ်ထဲကဖြစ်ပြီး အသက် ၅ နှစ်အောက်တွေပါ။ ပြီးခဲ့တဲ့ တစ်လအတွင်း အဲဒီ ချောင်းဆိုးပျောက် ဆေးရည်ကြောင့် ကျောက်ကပ် ပျက်စီးပြီး သေဆုံးတဲ့ ကလေး ၂၁ ဦးထိ စာရင်းရထားပြီး ဆေးရုံတက်နေရတဲ့ နောက်ထပ် ကလေးတွေလည်း ရှိပါတယ်။

အောက်တိုဘာ ၉ ရက်နေ့မှာတော့ ရဲတွေက ချန်နိုင်းမြို့က နေအိမ်မှာ အသက် ၇၅ နှစ်အရွယ် ဂျီရန်ဂန်နာသန်ကို ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သူဟာ လူသေမှုတွေ၊ ဆေးဝါးထုတ်လုပ်မှုမှာ အန္တရာယ် ကြီးမားတဲ့ ပေါ့ဆမှုတွေအတွက် စွဲချက်တင် ခံရမှာ ဖြစ်ပါတယ်။

Coldrifဆိုတဲ့ နာမည်နဲ့ ရောင်းချတဲ့ ချောင်းဆိုးပျောက်ဆေးကို တမီလ်နာဒူ ပြည်နယ်ထဲမှာရှိတဲ့ ရန်ဂန်နာသန် ပိုင်ဆိုင်တဲ့ Sresan ဆေးဝါးကုမ္ပဏီက ထုတ်လုပ်တာပါ။ အခုတော့ အဲဒီဆေးကို မက်ဒ်ဟယာ ပရာဒက်ရှ်နဲ့ တခြားပြည်နယ် တချို့မှာ ရောင်းချခွင့် ပိတ်ထားလိုက်ပါပြီ။

Public Service Announcement

Public Service Announcement

အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ဆေးထဲမှာ ဒိုင်အီသိုင်လင်း ဂလိုင်ကောဆိုတဲ့ စက်မှုလုပ်ငန်းသုံး ဓာတု အဆိပ်အတောက် ပစ္စည်းတစ်မျိုး ရောပါနေတယ်လို့ သိရပါတယ်။ အဲဒီ ဓာတ်ပစ္စည်းဟာ အရမ်းနည်းပါးတဲ့ ပမာဏမျိုး ဆိုရင်တောင်မှ စားသုံးမိရင် အန္တရာယ် ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အဲဒီ ပြဿနာတက်နေတဲ့ ချောင်းဆိုးပျောက်ဆေးတွေကို ပြည်ပ တင်ပို့မှုရော ရှိသလားဆိုတာ ရှင်းရှင်းလင်းလင်း သိရဖို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနကို ဆက်သွယ် စုံစမ်းထားပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ဆေးဝါးထုတ်လုပ်မှု အမြင့်မားဆုံး နိုင်ငံတစ်ခု ဖြစ်ပေမယ့် ချောင်းဆိုးပျောက်ဆေးရည်တွေ ပြဿနာကြောင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နာမည်ပျက်တာတွေ ရှိခဲ့ပါတယ်။

၂၀၂၂ တုန်းက အိန္ဒိယကနေ တင်ပို့တဲ့ ချောင်းဆိုးပျောက် ဆေးရည်တစ်မျိုးကြောင့် ဂမ်ဘီယာမှာ ကလေး ၇၀ ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေအတွင်း အိန္ဒိယက ထုတ်လုပ်ပြီး အဆိပ်အတောက် ပစ္စည်း ပါဝင်နေတဲ့ နောက်ထပ် ချောင်းဆိုးပျောက် ဆေးရည်တစ်မျိုးကြောင့် ဥဇဘက်ကစ္စတန်မှာ ကလေး ၆၈ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။