Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား စစ်ရေးပြ ချီတက်ပွဲမှာ နောက်ဆုံးပေါ် နည်းပညာမြင့် ဒုံးကျည်အသစ်ကို ထုတ်ပြ

မြောက်ကိုရီးယားမှာ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားတစ်ခု ကျင်းပခဲ့ပြီး နိုင်ငံရဲ့ နည်းပညာ အမြင့်ဆုံး တိုက်ချင်းပစ် ဒုံးကျည်အသစ်ကိုပါ ထုတ်ပြသွားခဲ့ပါတယ်။

ဓာတ်ပုံ - KCNA/AFP

မြောက်ကိုရီးယားမှာ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားတစ်ခု ကျင်းပခဲ့ပြီး နိုင်ငံရဲ့ နည်းပညာ အမြင့်ဆုံး တိုက်ချင်းပစ် ဒုံးကျည်အသစ်ကိုပါ ထုတ်ပြသွားခဲ့ပါတယ်။

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ ထူထောင်မှု နှစ် ၈၀ ပြည့် အခမ်းအနားနဲ့ တိုက်ဆိုင်ပြီး ကျင်းပတဲ့ အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်း ချီတက်ပွဲမှာ Hwasong-20 ဒုံးကျည်ကိုပါ တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနကတော့ Hwasong-20ဟာ နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တဲ့ အားအကောင်းဆုံး၊ နည်းပညာ အဆင့်အမြင့်ဆုံး မဟာဗျူဟာ လက်နက်လို့ ညွှန်းဆိုသွားခဲ့ပါတယ်။

စစ်သည်အင်အား အများအပြား ပါဝင်ခဲ့တဲ့ ချီတက်ပွဲကို နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ သံတမန်တွေ ရှေ့မှောက်မှာ ကင်မ်က ကြီးမှူးခဲ့တာပါ။ တက်ရောက်ခဲ့တဲ့ ဧည့်ပရိသတ်တွေထဲမှာတော့ တရုတ် ဝန်ကြီးချုပ် လီကျန်း၊ ဗီယက်နမ် ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ်၊ ရုရှား သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်တို့လို ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ Hwasongဆိုတဲ့ နာမည်အောက်မှာ မဟာဗျူဟာ ဒုံးကျည်တွေကို စီးရီးလိုက် တီထွင် ထုတ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေဟာ အရင်က စမ်းသပ်ထားဖူးတဲ့ ရလဒ်တွေအရ အမေရိကန်နိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းဆီကိုမဆို ရောက်ရှိအောင် ပျံသန်းနိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ အဲဒီ ဒုံးကျည်တွေ လိုရာနေရာဆီ တည့်တည့်မတ်မတ် ပျံသန်းနိုင်ဖို့ သေချာစေမယ့် လမ်းညွှန်စနစ်မျိုး၊ ကမ္ဘာ့အပြင်ဖက် ထွက်သွားပြီး လေထုထဲ ပြန်ဝင်လာတဲ့ အချိန်မှာ ထိပ်ဖူးတွေ မပျက်စီးအောင် ကြံ့ကြံ့ခံနိုင်မယ့် စွမ်းရည်မျိုး အဲဒီဒုံးကျည်တွေမှာ ရှိမရှိ ဆိုတာကိုတော့ နိုင်ငံတကာ လက်နက်ရေးရာ ပညာရှင်တွေက ဝေဖန် မေးခွန်းထုတ်နေကြဆဲပါ။

Public Service Announcement

Public Service Announcement

စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားမှာတော့ ကင်မ်က နိုင်ငံရပ်ခြား စစ်ဆင်ရေးတွေမှာ မြောက်ကိုရီးယား တပ်တွေကို ဖြန့်ကျက်ခဲ့တဲ့ အကြောင်းကို ပြောကြားခဲ့ပြီး မြောက်ကိုရီးယား စစ်တပ်ရဲ့ သူရဲကောင်းဆန်မှုဟာ နိုင်ငံပိုင်နက်ကိုသာ မကဘဲ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး အားထုတ်မှု မှန်သမျှကို ကာကွယ်နေတာလို့လည်း ညွှန်းဆိုသွားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့ စစ်ဖြစ်နေရာ ရုရှားနိုင်ငံဆီ စစ်သည်တွေ စေလွှတ်ပြီး ရုရှားနိုင်ငံ ပိုင်နက်ကို ကာကွယ်ရာမှာ ကူညီတိုက်ခိုက်ပေးနေတယ်လို့ အတည်ပြုထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။