Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်တိုက်လေယာဉ်တွေကို ပထမဆုံးအကြိမ် ဝယ်ယူမယ်လို့ အင်ဒိုနီးရှား ကြေညာ

ပထမဆုံး အကြိမ်အဖြစ် တရုတ်ဆီကနေ တိုက်လေယာဉ်တွေ ဝယ်ယူမယ်လို့ အင်ဒိုနီးရှားက အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - AFP

ပထမဆုံး အကြိမ်အဖြစ် တရုတ်ဆီကနေ တိုက်လေယာဉ်တွေ ဝယ်ယူမယ်လို့ အင်ဒိုနီးရှားက အတည်ပြုခဲ့ပါတယ်။

အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီး ဆီဂျာဖရိုင် ဆာဂျမ်ဆော့ဒင်က အင်ဒိုနီးရှား အနေနဲ့ တရုတ်လုပ် Chendu J-10C တိုက်လေယာဉ် အနည်းဆုံး ၄၂ စီးကို မှာယူသွားမယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အနောက် မဟာမိတ် နိုင်ငံတွေဆီက တိုက်လေယာဉ်တွေကိုပဲ အစဉ်တစိုက် ဝယ်ယူခဲ့တဲ့ လမ်းကြောင်းကနေ အင်ဒိုနီးရှားက ပထမဆုံးအကြိမ် သွေဖယ်လာခြင်းလည်း ဖြစ်ပါတယ်။

ဆာဂျမ်ဆော့ဒင်က နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့် နည်းပညာတွေ ပေါင်းစပ်ပြီး ခေတ်နဲ့အညီ မွမ်းမံဖို့ ရည်မှန်းချက်ရဲ့ အစိတ်အပိုင်း အနေနဲ့ တရုတ် တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ စဉ်းစားခဲ့တာလို့ ပြောပါတယ်။

စစ်ရေး သုတေသီတွေကတော့ အင်ဒိုနီးရှားရဲ့ ဆုံးဖြတ်ချက်ဟာ ဒေသတွင်း လက်နက် ကုန်သွယ်ရေး ကဏ္ဍမှာ ထိလွယ်ရှလွယ် သက်ရောက်မှုတွေနဲ့ တခြား ရှုပ်ထွေးမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆာဂျမ်ဆော့ဒင်ကတော့ J-10Cတွေဟာ မကြာခင် ဂျကာတာမြို့ ကောင်းကင်ယံမှာ ပျံသန်းနေတာကို တွေ့ကြရလိမ့်မယ်လို့ ပြောပါတယ်။ သူက အရောင်းအဝယ်ကိစ္စ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြောဖို့ ငြင်းဆိုသွားပါတယ်။

အင်ဒိုနီးရှားက လေတပ်အတွက် တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းကို ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဖရက်ဂါ ဝီနက်စ်က ပြီးခဲ့တဲ့လမှာ ပထမဆုံးအကြိမ် ထုတ်ပြောခဲ့ပါတယ်။ အင်ဒိုနီးရှား လေတပ်ဟာ တရုတ် တိုက်လေယာဉ်တွေက နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်ကို အမှန်တကယ် ထိထိရောက်ရောက် မြှင့်တင်နိုင်မလား ဆိုတာကို အထူးတလည် ဆန်းစစ် လေ့လာနေတယ်လို့ အဲဒီတုန်းက ဝီနက်စ်က မှတ်ချက်ပေးခဲ့ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး ပူရာဘာယာ ယာဒ်ဟီ ဆာဒီဝါက တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူရေးအတွက် အသုံးစရိတ် ဒေါ်လာ ၉ ဘီလီယံကျော်လောက်ကို အတည်ပြုပေးထားပြီး ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

အင်ဒိုနီးရှား လေတပ်ဟာ တရုတ်၊ ဗြိတိန်နဲ့ ရုရှားလုပ် တိုက်လေယာဉ်တွေကိုပဲ အသုံးပြုနေခဲ့ပြီး တချို့ကို ခေတ်နဲ့အညီ အဆင့်မြှင့်ပြီး ဆက်သုံးစွဲတာ၊ တချို့ကို အနားပေးတာတွေ လုပ်ထားပါတယ်။ အင်ဒိုနီးရှားဟာ တရုတ်ရဲ့ J-10C တိုက်လေယာဉ်တွေသာ မကဘဲ ပြင်သစ်ရဲ့ Dassault Rafale တိုက်လေယာဉ် ၄၂ စီးကိုလည်း မှာယူထားပြီး ပထမအသုတ်ဟာ နောက်နှစ်ဆန်းလောက်မှာ ရောက်ရှိလာမယ်ုလိ့ ယူဆရပါတယ်။

ဒါ့အပြင် တူရကီကလည်း လက်ရှိ သုတေသနပြု တည်ဆောက်နေဆဲအဆင့် ပဉ္စမမျိုးဆက် KANN တိုက်လေယာဉ် ၄၈ စီးကို အင်ဒိုနီးရှားဆီ တင်ပို့ပေးဖို့ သဘောတူထားကြောင်း ကြေညာထားပါတယ်။

အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ကာကွယ်ရေး ကဏ္ဍကို သိသိသာသာ မွမ်းမံ အဆင့်မြှင့်ဖို့ အားခဲ လုပ်ဆောင်နေပြီး ပြင်သစ်ရဲ့ Scorpene Evovled အမျိုးအစား ရေငုပ်သင်္ဘော ၂ စီးနဲ့ Thales ကြားဖြတ်ဟန့်တားရေး ရေဒါစနစ် ၁၃ ခုကိုလည်း ဝယ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ မြေပြိုကျမှု ဖြစ်ပွားပြီး သတ္တုမိုင်းတွင်း အလုပ်သမား ၉ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီး ရမိခဲ့တဲ့နောက် အင်ဒိုနီးရှား အစိုးရဟာ လက်ရှိ ဗီဇာ မူဝါဒတွေကို ပြန်လည် ဆန်းစစ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။