Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ ဘတ်စ်ကားမီးလောင်ပြီး လူ ၂၀ သေဆုံး

အိန္ဒိယမှာ ဘတ်စ်ကားတစ်စီး ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းရာက လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

အိန္ဒိယမှာ ဘတ်စ်ကားတစ်စီး ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းရာက လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၄ ရက် မနက်အစောပိုင်း ဖြစ်စဉ်ဟာ အိန္ဒိယ တောင်ပိုင်း၊ အန်ဒ်ဟရာ ပရာဒက်ရှ် ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တာပါ။ ဘတ်စ်ကားဟာ မော်တော်ဆိုင်ကယ် တစ်စီးနဲ့ ယာဉ်တိုက်မှု ဖြစ်ရာက မတော်တဆ မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

မော်တော်ဆိုင်ကယ်ဟာ ဘတ်စ်ကားရဲ့ အောက်မှာ ညပ်နေခဲ့ပြီး ဆီတိုင်ကီကို ထိုးခွဲသလို ဖြစ်သွားခဲ့ပါတယ်။ အဲဒီကနေစပြီး မီးလောင်ခဲ့သလို ပြင်းထန်တဲ့ ပေါက်ကွဲမှုလည်း ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဘတ်စ်ကား တစ်စီးလုံးဟာ မိနစ် အနည်းငယ် အတွင်းမှာတင် မီးကျွမ်း ပြာကျသွားခဲ့ပါတယ်။ ဒေသခံ မီဒီယာတွေကတော့ အသေအပျောက် ဦးရေဟာ ၂၀ ထက်မနည်း ရှိတယ်လို့ ဖော်ပြထားကြပါတယ်။

ဘင်္ဂလောမြို့ဆီ ဦးတည်နေခဲ့တဲ့ အဲဒီ ဘတ်စ်ကားပေါ်မှာ လူပေါင်း ၄၀ လောက် စီးနင်းလိုက်ပါလာခဲ့တယ်လို့လည်း ဆိုပါတယ်။ အချိန်က မနက်အစောပိုင်း ဖြစ်နေတာကြောင့် ကားပေါ် ပါလာသူ အများစုက အိပ်စက်နေခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – AP

ဘတ်စ်ကားမှာ မီးစလောင်တဲ့အခါ အနီးမှာ ရှိနေသူတွေက ထိတ်လန့်တကြား အော်ဟစ် သတိပေးခဲ့ကြပါတယ်။ တချို့ ခရီးသည်တွေက အရေးပေါ် ပြတင်းပေါက်ကနေ ခုန်ချပြီး လွတ်မြောက်ခဲ့သလို တချို့ကိုလည်း အနီးတဝိုက်မှာ ရှိနေသူတွေက ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ပါတယ်။

ဘတ်စ်ကားရဲ့ ယာဉ်မောင်းနဲ့ စပယ်ယာတို့ကတော့ အသက်ရှင် လွတ်မြောက်ခဲ့ကြပြီး သူတို့ကို ရဲတွေက ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ သေဆုံးသူတွေထဲမှာ မော်တော်ဆိုင်ကယ် စီးလာသူလည်း ပါဝင်ခဲ့ပါတယ်။

အခင်းဖြစ်ရာ နေရာကို ရောက်သွားခဲ့တဲ့ မှုခင်း ဆေးပညာရှင်တွေကတော့ သေဆုံးသူတွေ ဘယ်သူလဲဆိုတာ ခွဲခြားသိနိုင်အောင် DNA စစ်ဆေးဖို့ လိုအပ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုတော့ ရဲတွေက ဆက်လက် စုံစမ်းနေဆဲပါ။ ပြီးတော့ သေဆုံးသူ အရေအတွက်ကိုလည်း ရဲတွေက တိတိကျကျ မထုတ်ပြန်သေးပါဘူး။

ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ယာဉ်အန္တရာယ်ကြောင့် လူသေဆုံးမှု အမြင့်ဆုံး နိုင်ငံအဖြစ်လည်း ရပ်တည်နေပါတယ်။ မနှစ်တုန်းက အိန္ဒိယရဲ့ လမ်းတွေပေါ်က မတော်တဆမှုတွေကြောင့် လူပေါင်း ၁၈၀၀၀၀ လောက် သေဆုံးခဲ့ပါတယ်။ ဖြစ်စဉ် အများစုက သတ်မှတ် မြန်နှုန်းထက် မောင်းနှင်တာ၊ အဆင်ခြင်မဲ့ မောင်းနှင်တာတွေနဲ့ စည်းကမ်းလိုက်နာမှု အားနည်းချက်တွေကြောင့်လို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။