Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်ကို တိုင်ဖွန်းမုန်တိုင်း ကယ်လ်မက်ဂီး ဝင်ရောက်တိုက်ခတ်

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကိုအင်အားပြင်းတိုင်ဖွန်း ကယ်လ်မက်ဂီး ဝင်ရောက် တိုက်ခတ်နေပြီး ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေ၊ လူ့အသက် ဆုံးရှုံးမှုတွေ ကြုံရနိုင်ကြောင်း တာဝန်ရှိသူတွေက အရေးပေါ် သတိပေး ကြေညာထားပါတယ်။

ဖီလစ်ပိုင်နိုင်ငံ​ဒေသအချို့မှာ ကယ်လ်မက်ဂီး မုန်တိုင်းအရှိန်​ကြောင့် နိုဝင်ဘာ ၃ ရက်မှာ မိုးကြီး​ရေလျှံ​နေစဥ်။ဓါတ်ပုံ-Reuters, AFP/File

နိုဝင်ဘာ-၄၊၂၀၂၅။People’s Spring

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကိုအင်အားပြင်းတိုင်ဖွန်း ကယ်လ်မက်ဂီး ဝင်ရောက် တိုက်ခတ်နေပြီး ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေ၊ လူ့အသက် ဆုံးရှုံးမှုတွေ ကြုံရနိုင်ကြောင်း တာဝန်ရှိသူတွေက အရေးပေါ် သတိပေး ကြေညာထားပါတယ်။

မုန်တိုင်းဟာနိုဝင်ဘာ ၄ ရက်မနက်ပိုင်းမှာဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကိုအရှေ့ဖက်ကမ်းရိုးတန်းကနေ စတင် ဝင်ရောက်ပြီးအနောက်ဖက်ကမ်းရိုးတန်းဆီဆက်လက်ရွေ့လျားနေပါတယ်။ကျွန်းစုနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ရဲ့ဗီဆာယက်စ်ဒေသမှာ မုန်တိုင်း အန္တရာယ် သတိပေးချက်ကို ဒုတိယ အမြင့်ဆုံး ထုတ်ပြန်ထားပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှု၊ ရေကြီးမှု၊ မြေပြိုမှု အန္တရာယ်တွေ ကြုံနိုင်ကြောင်း ကြေညာထားပါတယ်။

တိုင်ဖွန်းမုန်တိုင်းမဝင်ရောက်ခင်တစ်ရက်ကတည်းက မုန်တိုင်းလမ်းကြောင်း တလျှောက်က ထိခိုက်နိုင်ခြေ အများဆုံး ဒေသတွေမှာ နေထိုင်သူတွေကို ကြိုတင် ရွှေ့ပြောင်းပေးထားပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေသတွင်းမှာတီနိုလို့နာမည်မှည့်ခေါ်ထားတဲ့ မုန်တိုင်းဟာတစ်နာရီလေတိုက်နှုန်း ၂၀၅ ကီလိုမီတာထိပြင်းထန်ပြီးနိုဝင်ဘာ ၅ ရက်နေ့မှာတော့ တောင်တရုတ်ပင်လယ်ထဲဆက်လက်ရွေ့လျားဖြတ်သန်းမယ်လို့ ခန့်မှန်းရပါတယ်။

ဗီဆာယက်စ်ကို ဖြတ်သန်းပြီးတဲ့နောက်ကုန်းတွင်းဝင်ရောက်ခဲ့တာကြောင့်တီနိုဟာနည်းနည်း အားပျော့သွားဖွယ် ရှိကြောင်း၊ ဒါပေမဲ့ ဖိလစ်ပိုင်ကို ကျော်လွန်သွားချိန်ထိ တိုင်ဖွန်းအဆင့် ပြင်းအားကို ဆက်ထိန်းထားမယ်လို့ ယုံကြည်ရကြောင်း ဖိလစ်ပိုင် မိုးလေဝသ ဌာနက မှတ်ချက်ပေးခဲ့ပါတယ်။

ဖိလစ်ပိုင်အလယ်ပိုင်းနဲ့တောင်ပိုင်းကမြေနိမ့် ဧရိယာတွေမှာတော့ ရုတ်တရက် ရေကြီးမှု ကြုံလာနိုင်တဲ့ နေရာတွေက ဒေသခံတွေကို ကယ်ဆယ်ရေးတွေနဲ့ တာဝန်ရှိသူတွေက ကြိုတင် ရွှေ့ပြောင်းပေးထားပါတယ်။

ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမုန်တိုင်းတွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ ရုန်းကန်နေခဲ့ပြီး အဲဒီနောက် တိုင်ဖွန်း ကယ်လ်မက်ဂီးကပါ ဝင်ရောက် တိုက်ခတ်ခဲ့ပြန်တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ ပျမ်းမျှ တစ်နှစ်ကိုမုန်တိုင်းအလုံး ၂၀ လောက် တိုက်ခတ်တာ ကြုံရလေ့ရှိတဲ့ နိုင်ငံပါ။

စက်တင်ဘာလတုန်းကလည်းအခုနှစ်အတွက် ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ဖူးသမျှ ဒုတိယအားအကောင်းဆုံးမုန်တိုင်း တိုင်ဖွန်းရာဂါဆာဟာဖိလစ်ပိုင်ရဲ့လူဇုန်ကျွန်းမြောက်ပိုင်းကို ဖြတ်သန်း တိုက်ခတ်ခဲ့ပြီး ဆိုးရွားပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။