Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ်ကို တူရကီ ဖမ်းဝရမ်းထုတ်

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တူရကီက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ဓာတ်ပုံ - AP

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တူရကီက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

တူရကီရဲ့ ဖမ်းဝရမ်းထဲမှာတော့ နေတန်ညာနဲ့ သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကတ်ဇ်တို့သာ မကဘဲ စုစုပေါင်း လူ ၃၇ ဦးရဲ့ နာမည်တွေ ပါဝင်နေပါတယ်။ အမျိုးသား လုံခြုံရေး ဝန်ကြီး အစ်တမာ ဘန်ဂျဗီနဲ့ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အီယဲလ်ဇာမားတို့လည်း ဝရမ်းထုတ်ခံခဲ့ကြရပါတယ်။

ဒါပေမဲ့ ဝရမ်းစာရင်းမှာ ပါဝင်တဲ့ နာမည် အားလုံးကိုတော့ အစ္စတန်ဘူလ်မြို့၊ အစိုးရရှေ့နေရုံးက မထုတ်ပြန်ခဲ့ပါဘူး။ တူရကီ အာဏာပိုင်တွေက အစ္စရေးဟာ ဂါဇာ ကမ်းမြှောင်ဒေသက စစ်ဆင်ရေးတွေမှာ လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မြောက်တဲ့ ကျူးလွန်မှုတွေကို စနစ်တကျ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။

အစိုးရ ရှေ့နေရုံး ကြေညာချက်ထဲမှာတော့ ဂါဇာကမ်းမြှောင် ဒေသထဲမှာ တူရကီက ဆောက်လုပ်ပေးထားခဲ့တဲ့ တူရကီ-ပါလက်စတိုင်း ချစ်ကြည်ရေး ဆေးရုံကိုလည်း မတ်လမှာ အစ္စရေး ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးဖက်ကတော့ တူရကီရဲ့ ဖမ်းဝရမ်း ကိစ္စကို လူပြိန်းကြိုက် ပေါ်ပင်လုပ်တဲ့ စတန့်တစ်ခုလို့ တုံ့ပြန်ခဲ့ပါတယ်။ အစ္စ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆားရ်က အာဏာရှင် (တူရကီ သမ္မတ) ရာဂျစ်တာယစ် အာဒိုဝမ်ရဲ့ လူကြိုက်များရုံ အပေါ်ယံ စတန့်ထွင်တဲ့ လုပ်ရပ်ကို အစ္စရေး အပြင်းအထန် ရှုတ်ချကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

တူရကီဟာ မနှစ်တုန်းကလည်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာ အစ္စရေးကို လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် အမှုဖွင့်ထားတဲ့ တောင်အာဖရိကရဲ့ အားထုတ်မှုမှာ ပူးပေါင်းခဲ့ပါတယ်။

လက်ရှိမှာတော့ ဂါဇာမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ကြားဝင် ညှိနှိုင်းပေးထားတဲ့ သဘောတူညီမှု တစ်ခုအရ အောက်တိုဘာ ၁၀ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲနေပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ ဂျူးအခြေချ နေထိုင်သူတွေက တရားမဝင် ဆောက်လုပ်ထားတဲ့ စခန်းတွေကို ဖယ်ရှားဖို့ အစ္စရေး ဝန်ကြီးချုပ်က အမိန့်ပေးထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

သမ္မတရဲ့ အသက်ကို လူသိရှင်ကြား ခြိမ်းခြောက်စကား ပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ဖိလစ်ပိုင် ဒုတိယ သမ္မတ ဆာရာဒူတာတေးကို ဖိလစ်ပိုင် တရားရုံး တစ်ခုက ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

နိုင်ငံတကာ

အီရန်က ကြားဖြတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိတ်တိတ်လေး လေယာဉ်ပြောင်းစီးခဲ့ရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

Facebook