Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယီမင်မှာ ဆော်ဒီရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး ယီမင်အခြေစိုက် တပ်ဖွဲ့တွေ ရုပ်သိမ်းဖို့ ယူအေအီး ဆုံးဖြတ်

ဆော်ဒီအာရေးဘီးယားရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုအပြီးမှာတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ယီမင်မှာ ဖြန့်ကျက်ထားတဲ့ လက်ကျန်တပ်ဖွဲ့ အားလုံးကို ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဆော်ဒီအာရေးဘီးယားရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုအပြီးမှာတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ယီမင်မှာ ဖြန့်ကျက်ထားတဲ့ လက်ကျန်တပ်ဖွဲ့ အားလုံးကို ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။

စစ်ရေး ပဋိပက္ခတွေနဲ့ နစ်မွန်းနေတဲ့ ယီမင်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့ မူကယ်လာကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဆော်ဒီက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ယီမင်မှာ ရှိနေတဲ့ ခွဲထွက်ရေး ပြောက်ကျားတွေအတွက် ယူအေအီးက ထောက်ပံ့ပေးပို့တဲ့ စစ်လက်နက်တွေ တင်ဆောင်လာတဲ့ သင်္ဘောနှစ်စီး အဲဒီဆိပ်ကမ်းကို ရောက်နေတယ်လို့ စွပ်စွဲပြီး ဆော်ဒီက ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီနဲ့ ယူအေအီးတို့ဟာ စစ်ရေးမဟာမိတ် အာရပ်နိုင်ငံတွေ ဖြစ်ပေမယ့် ယီမင်ပြည်တွင်းစစ်မှာတော့ မတူညီတဲ့ အင်အားစုတွေကို အသီးသီး ထောက်ခံနေကြပါတယ်။ ဆော်ဒီဟာ နိုင်ငံတကာ အသိအမှတ်ပြု ယီမင် အစိုးရကို အားပေး ရပ်တည်နေပြီး ယူအေအီးကတော့ တောင်ပိုင်း အသွင်ကူးပြောင်းရေး ကောင်စီ (STC)ဆိုတဲ့ ခွဲထွက်ရေး အင်အားစုကို ထောက်ခံနေပါတယ်။

ဆော်ဒီက STCအတွက် လက်နက်တွေ ပေးပို့တဲ့ ယူအေအီးရဲ့ လုပ်ရပ်ဟာ အရမ်း လွန်ကဲပြီး ဆော်ဒီရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍကို ထိခိုက် ခြိမ်းခြောက်လာနိုင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ယီမင်မှာ ရှိနေတဲ့ ယူအေအီး တပ်တွေအားလုံး ရုပ်သိမ်းပေးဖို့လည်း ဆော်ဒီက တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မူကယ်လာ ဆိပ်ကမ်းကို လေကြောင်းတိုက်ခိုက်မှု ကြုံခဲ့ရပြီးတဲ့ နောက်မှာတော့ ယူအေအီး အစိုးရကလည်း ယီမင်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရည်ရွယ်ချက်နဲ့ ဖြန့်ကျက်ထားတဲ့ တပ်တွေကို ပြန်ရုပ်သိမ်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။

အစောပိုင်းမှာ ယူအေအီးက STCအတွက် လက်နက်တွေ ပေးပို့ခဲ့ကြောင်း ဆော်ဒီရဲ့ စွပ်စွဲချက်ကို ငြင်းဆိုပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ ဆော်ဒီရဲ့ ဆုံးဖြတ်ချက်အပေါ် အံ့ဩမိကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါပေမဲ့ လက်ရှိ ဖြစ်ပျက်ပြောင်းလဲနေတဲ့ အခြေအနေတွေကို ပြန်သုံးသပ်ပြီးတဲ့နောက် ယီမင်မှာ ရှိနေတဲ့ အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့တွေ အကုန်လုံးကို ကိုယ့်သဘောနဲ့ကိုယ် ရုပ်သိမ်းပေးမယ်လို့ ယူအေအီးက ကြေညာသွားပါတယ်။

တပ်တွေ ရုပ်သိမ်းမယ့် ယူအေအီးရဲ့ ဆုံးဖြတ်ချက်ကိုတော့ ဆော်ဒီက လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အရှေ့အလယ်ပိုင်းမှာ အနီးကပ်ဆုံး မဟာမိတ် နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီနဲ့ ယူအေအီး အတွက်တော့ ဒီကိစ္စဟာ ကြုံတွေ့ဖူးသမျှ အတင်းမာဆုံး ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဆော်ဒီက ယူအေအီးဟာ ဆော်ဒီနဲ့ နယ်စပ်တကြောမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ STCကို ဖိအားပေး တောင်းဆိုခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ယူအေအီးကတော့ အဲဒီ စကားကို အတိအလင်း ငြင်းဆန် ပယ်ချထားပါတယ်။ လဆန်းပိုင်းတန်းက STCဟာ ယီမင်ရဲ့ အရေးပါတဲ့ ဒေသတချို့ကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ ထိုးစစ်တွေ စတင်ခဲ့ပြီး အကျိုးဆက်အဖြစ် ဆော်ဒီ ထောက်ခံတဲ့ ယီမင်အစိုးရအတွက် မဟာဗျူဟာဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေရတဲ့ကျေးရွာတွေကို စစ်တပ်က ပါရာမိုတာ၊ ဂျွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေနဲ့ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။