Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂရင်းလန်ကျွန်းကို လိုချင်တဲ့ သူ့ဆန္ဒအတွက် နောက်ပြန်မလှည့်ဘူးလို့ ထရမ့်ပြော

ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်ထဲ သိမ်းသွင်းချင်တဲ့ သူ့ဆန္ဒကို သမ္မတ ဒေါ်နယ်လ်ထရမ့်က အခိုင်အမာ ထပ်လောင်း ပြောဆိုခဲ့သလို ဒီကိစ္စမှာ နောက်ကြောင်းပြန်လှည့်ဖို့ အကြောင်းမရှိဘူးလို့ သတိပေးသွားပါတယ်။

ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်ထဲ သိမ်းသွင်းချင်တဲ့ သူ့ဆန္ဒကို သမ္မတ ဒေါ်နယ်လ်ထရမ့်က အခိုင်အမာ ထပ်လောင်း ပြောဆိုခဲ့သလို ဒီကိစ္စမှာ နောက်ကြောင်းပြန်လှည့်ဖို့ အကြောင်းမရှိဘူးလို့ သတိပေးသွားပါတယ်။

ဒိန်းမတ် အစိုးရရဲ့ ပိုင်နက်ဖြစ်တဲ့ ဂရင်းလန်ကျွန်းကို လိုချင်တဲ့ သူ့ရဲ့ ဆန္ဒဟာ ဘယ်လောက် အတိုင်းအတာထိ ပြင်းပြသလဲလို့ ဇန်နဝါရီ ၂၀ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးက မေးမြန်းတဲ့အခါ ထရမ့်က အချိန်တန်ရင် သိရလိမ့်မယ်လို့ ပြန်ဖြေသွားခဲ့ပါတယ်။

နောက်တော့ ထရမ့်က ဂရင်းလန် ကိစ္စဟာ အမေရိကန်အတွက် အရမ်းအရေးကြီးသလို သူကလည်း လုံးဝ နောက်ပြန်လှည့်မှာ မဟုတ်ဘူးလို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။

ထရမ့်ဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗော့စ်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ စီးပွားရေး ဖိုရမ် အစည်းအဝေးတွေကိုလည်း တက်ရောက်ဖို့ ရှိနေပြီး အဲဒီမှာ ဂရင်းလန် ကိစ္စနဲ့ ပတ်သက်လို့ တသီတတန်းကြီး ဆွေးနွေးရမှာတွေကို မျှော်လင့်ထားကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ အားလုံးဟာ အမေရိကန် မျှော်လင့်ထားတဲ့ လမ်းကြောင်းမျိုးအတိုင်း ကောင်းကောင်းမွန်မွန် ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ဒိန်းမတ်ကတော့ ဂရင်းလန်ကို လက်လွှတ်မှာ မဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုနေပါတယ်။ ပြီးတော့ ထရမ့်ကသာ ဂရင်းလန်ကို အင်အားသုံး သိမ်းယူမယ်ဆိုရင် NATOအဖွဲ့ပါ ပြိုကွဲသွားနိုင်ကြောင်း ဒိန်းမတ်က သတိပေးထားပါတယ်။

သတင်းထောက်တွေက သူ့ဆန္ဒကြောင့် NATO ပြိုကွဲသွားမလားလို့ မေးတဲ့အခါ ထရမ့်က သူ့လောက် NATOအတွက် အလုပ်အကျွေး ပြုပေးခဲ့သူ တစ်ယောက်မှ မရှိကြောင်း၊ သူဟာ ကဏ္ဍပေါင်းစုံကနေ NATOအတွက် ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ နောက်ပြီး အမေရိကန်က ဂရင်းလန်ကို ငွေကြေးပေးချေ ဝယ်ယူရေးကို ပိုမို ဦးစားပေး စဉ်းစားနေတာဖြစ်ပြီး ဒီသဘောထားက NATOရော၊ အမေရိကန် အတွက်ပါ ပျော်ရွှင်စေမှာဖြစ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာကြီးရဲ့ လုံခြုံရေးအတွက် အမေရိကန်ဟာ ဂရင်းလန်ကျွန်းကို လိုအပ်နေတာကြောင့် NATOက သူ့ဆန္ဒကိုတောင် ထောက်ခံ ဖြည့်ဆည်းပေးသင့်ကြောင်း ထရမ့်က ဆိုပါတယ်။

ထရမ့်က အမေရိကန် အစိုးရဟာ ဂရင်းလန်ကျွန်းကို တန်ဖိုးဖြတ် ဝယ်ယူနိုင်ရေးအတွက် ဦးစားပေး ကြိုးစားမှာဖြစ်ကြောင်း ပြောကြားထားပေမယ့် လိုအပ်လာရင် စစ်အင်အားသုံး သိမ်းယူမယ်ဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်း ဘယ်တုန်းကမှ ငြင်းပယ်မထားခဲ့ပါဘူး။ အိမ်ဖြူတော်ကလည်း အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒတွေမှာ စစ်အင်အားကို အသုံးပြုဖို့ အမြဲတမ်း ထည့်စဉ်းစားလေ့ရှိကြောင်း မှတ်ချက်ပေးထားပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီဇယ်တင်ပို့ ရောင်းချမှုတွေကို အမေရိကန်က ကန့်သတ် ပိတ်ပင်သွားမှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)ကို စူပါဉာဏ်ရည် (SI)လို့ နာမည်ပြောင်းလဲ သတ်မှတ်တဲ့ အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Trending

Facebook