Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပါ ဗိုင်းရပ်စ် ကူးစက်မှုတွေကို အချိန်မီ ထိန်းချုပ်နိုင်ခဲ့ကြောင်း အိန္ဒိယပြော

နီပါ ဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အချိန်မီ ထိန်းသိမ်းနိုင်တဲ့ အခြေအနေမှာ ရှိနေဆဲလို့ အိန္ဒိယ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

နီပါ ဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အချိန်မီ ထိန်းသိမ်းနိုင်တဲ့ အခြေအနေမှာ ရှိနေဆဲလို့ အိန္ဒိယ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလကစပြီး နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ အနောက် ဘင်္ဂလား ပြည်နယ်ထဲမှာ နီပါဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာနှစ်ဦးကို တွေ့ရှိထားပေမယ့် ကူးစက်မှုကို ထိထိရောက်ရောက် ဟန့်တားထားနိုင်ကြောင်း ဇန်နဝါရီ ၂၇ ရက်နေ့မှာ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အစောပိုင်း သတင်းတွေက အိန္ဒိယမှာ နီပါလူနာ ၅ ဦး တွေ့ထားတယ်လို့ ဖော်ပြခဲ့ပေမယ့် နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ ၂ ဦးသာ ရောဂါပိုး တွေ့ရှိခဲ့ပြီး သူတို့နဲ့ ထိတွေ့မိသူ ၂၀၀ နီးပါးလောက်ကို သီးသန့်ခွဲပြီး စစ်ဆေးကြည့်တဲ့အခါ ကူးစက်မှုအသစ် မတွေ့ဘူးလို့ ဆိုပါတယ်။

နီပါဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေ၊ အထူးသဖြင့် လင်းနို့ကနေတဆင့် လူကို ကူးစက်လေ့ရှိပါတယ်။ လင်းနို့တွေ ထိတွေ့ထားတဲ့ သစ်သီးတွေကို လူတွေက သေချာသန့်စင် ဆေးကြောမှု မရှိဘဲ စားသောက်မိရင် အဲဒီဗိုင်းရပ်စ် ကူးစက်နိုင်ပါတယ်။ နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးရော၊ ကုထုံးတွေပါ မရှိသေးဘဲ သေနှုန်းကလည်း ၄၀ ကနေ ၇၅ ရာခိုင်နှုန်းကြားလောက်ထိ မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

လူနာတွေ တွေ့ရှိတဲ့ ဧရိယာမှာ နိုးနိုးကြားကြား စောင့်ကြည့်မှုတွေ၊ ဓာတ်ခွဲ စစ်ဆေးမှုတွေကို အရှိန်မြှင့်ထားပြီး ကွင်းဆင်း စစ်ဆေးမှုတွေလည်း စတင်နေပြီဖြစ်ကြောင်း၊ အဲဒီ အားထုတ်မှုတွေကြောင့်လည်း ကူးစက်မှုတွေကို အချိန်မီ ကန့်သတ် ထိန်းချုပ်နိုင်ခဲ့ကြောင်း အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ရောဂါ ကူးစက်ထားတဲ့ လူနာနှစ်ဦးရဲ့ အခြေအနေကိုတော့ အသေးစိတ် မထုတ်ပြန်ခဲ့ပါဘူး။

နီပါဗိုင်းရပ်စ်ကို ၁၉၉၈ ခုနှစ်တုန်းက မလေးရှားမှာရှိတဲ့ ဝက်မွေးခြံတွေထဲမှာ ပထမဆုံးအကြိမ် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ ၂၀၁၈ တုန်းက အိန္ဒိယရဲ့ ကီရာလာ ပြည်နယ်မှာ အဲဒီဗိုင်းရပ်စ်ကြောင့် လူ ၁၇ ဦးခေဲ့ပြီး ၂၀၂၃ မှာတော့ အဲဒီပြည်နယ်မှာပဲ ၂ ဦး ထပ်သေခဲ့ပါတယ်။

နီပါဗိုင်းရပ်စ် ကူးစက်ခံရရင် အပြင်းဖျားတာ၊ အော့အန်တာ၊ အလွန်အကျွံ ကိုက်ခဲတာ၊ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ရှိတာမျိုး ကြုံရနိုင်ပြီး ရောဂါပြင်းရင်တော့ တက်တာ၊ ဦးနှောက်ရောင်တာတွေနဲ့ နောက်ဆုံး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။

လူအချင်းချင်း ရောဂါကူးစက်တဲ့ ရှားပါးဖြစ်စဉ် တချို့ကို မှတ်တမ်းတွေ့ရှိဖူးပေမယ့် သစ်သီးစား လင်းနို့တွေဟာ ကူးစက်မှုတွေရဲ့ အဓိက အကြောင်းရင်းအဖြစ် ရှိနေဆဲလို့လည်း သိရပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာ တစ်ခုနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ပါကစ္စတန်တို့က သံအမတ်တွေကို အပြန်အလှန် ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

သတင်း

မြန်မာနိုင်ငံထဲကတော်လှန်ရေးအင်အားစု တချို့ကို လေ့ကျင့်ပေးခဲ့ကြောင်းစွပ်စွဲခံရသူ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ယူကရိန်းနိုင်ငံသား ၆ ဦးကိုအိန္ဒိယကအိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

Trending

Facebook