Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်က နျူကလီးယားလက်နက် လျှို့ဝှက် စမ်းသပ်ခဲ့ဖူးတယ်လို့ အမေရိကန် စွပ်စွဲ

ကမ္ဘာကြီးကို အသိမပေးတဲ့ လျှို့ဝှက် နျူကလီးယားလက်နက် စမ်းသပ်မှု တစ်ခုကို တရုတ်က လုပ်ဆောင်ခဲ့ဖူးကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

ကမ္ဘာကြီးကို အသိမပေးတဲ့ လျှို့ဝှက် နျူကလီးယားလက်နက် စမ်းသပ်မှု တစ်ခုကို တရုတ်က လုပ်ဆောင်ခဲ့ဖူးကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ကြား နျူကလီးယား စစ်လက်နက်တွေ ကန့်သတ်ထိန်းချုပ်ရေးဆိုင်ရာ New START စာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီးတဲ့နောက် အမေရိကန်က တရုတ်အပါအဝင် စူပါပါဝါ နိုင်ငံတွေရဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေးအဖြစ် ပိုမိုကျယ်ပြန့်တဲ့ စာချုပ်မျိုး အသစ်ပြန်ချုပ်သင့်ကြောင်း အကြံပြုထားပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှုတွေမှာ ပါဝင်ဖို့ လတ်တလော မဖြစ်နိုင်သေးဘူးလို့ တုံ့ပြန်ထားပါတယ်။

နျူကလီးယားလက်နက် ကန့်သတ်ရေးဆိုင်ရာ ပိုမို ထိရောက်တဲ့ အားထည့် လုပ်ဆောင်မှုတေကို နိုင်ငံတကာက တောင်းဆိုနေချိန်မှာပဲ တရုတ်က ၂၀၂၀ ပြည့်နှစ်အတွင်း နျူကလီးယား လက်နက်တစ်ခု လျှို့ဝှက် စမ်းသပ်ခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လက်နက်ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာ လုံခြုံရေး အတွင်းဝန် သောမတ် ဒီနီရိုးကို တရုတ်ဟာ နျူကလီးယား ဖောက်ခွဲမှုတစ်ခု လုပ်ဆောင်ခဲ့တယ်ဆိုတာ အမေရိကန် အစိုးရက သိထားပြီး ဖြစ်တဲ့အကြောင်း ဖော်ထုတ် အသိပေးလိုတယ်လို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ လက်နက် ဖျက်သိမ်းရေး ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ တရုတ်စစ်တပ်ဟာ ပေါက်ကွဲအား ပြင်းထန်တဲ့ အဲဒီ လက်နက် စမ်းသပ်မှုကို ဖုံးဖိထားခဲ့ကြောင်း၊ အကြောင်းကတော့ ဒီလုပ်ရပ်ဟာ နျူကလီးယား ဖောက်ခွဲမှု ထိန်းချုပ်ရေး ကတိတွေကို ချိုးဖောက်ရာ ရောက်နေမှန်း တရုတ်က သဘောပေါက်လို့ဖြစ်ကြောင်းလည်း ဒီနီရိုးက ဆိုပါတယ်။

တရုတ်ဟာ အဲဒီ နျူကလီးယား စမ်းသပ်မှုကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့က လုပ်ဆောင်ခဲ့တာလို့လည်း ပြောပါတယ်။ အောက်တိုဘာလတုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တခြားနိုင်ငံတွေလည်း နျူကလီးယား လက်နက် စမ်းသပ်မှုတွေ လုပ်နေတဲ့အတွက် အမေရိကန်လည်း အလားတူ စမ်းသပ်မှုတွေ ပြန်စဖို့ စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ ဘယ်နိုင်ငံတွေက စမ်းသပ်မှု လုပ်နေသလဲ ဆိုတာကို ထရမ့်က ထုတ်မပြောခဲ့ပါဘူး။

ဂျနီဗာက ညီလာခံမှာတော့ တရုတ် ကိုယ်စားလှယ်ဖြစ်တဲ့ ရှန်ကျန်းက ဒီနီရိုးရဲ့ စွပ်စွဲချက်ကို တိုက်ရိုက် မငြင်းပေမယ့် တရုတ်ဟာ နျူကလီးယား အရေးနဲ့ ပတ်သက်ရင် အမြဲတမ်း တာဝန်ယူမှု တာဝန်ခံမှုရှိရှိ၊ အမြော်အမြင်ရှိရှိ ကိုင်တွယ် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

တရုတ်ကို နျူကလီးယား ခြိမ်းခြောက်မှုတွေနဲ့ ဆက်စပ်ပြီး ပုံဖော်ချင်တဲ့ အမေရိကန်ရဲ့ သဘောထားကို သူသတိပြုမိကြောင်း၊ တရုတ်အနေနဲ့ မဟုတ်မမှန် စွပ်စွဲ ပြောဆိုမှုတွေကို ဆန့်ကျင်ကြောင်း၊ တကယ်တမ်းမှာတော့ နိုင်ငံတကာ လက်နက် ပြိုင်ဆိုင်မှုတွေရဲ့ အဓိက လက်သည်ဟာ အမေရိကန် ကိုယ်တိုင်ပဲဖြစ်ကြောင်း သူက တုံ့ပြန်သွားပါတယ်။

လက်နက် ထိန်းချုပ်ရေးအဖွဲ့ (ACA)ရဲ့ ညွှန်ကြားရေးမှူး ဒါရဲလ် ကင်ဘောလ်ကတော့ အမေရိကန် အနေနဲ့ တရုတ်၊ ရုရှားတို့ဟာ လျှို့ဝှက် နျူကလီးယားလက်နက် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိရင် အဲဒီအချက်အလက်ကို ခိုင်မာစေဖို့ တိကျတဲ့ သက်သေတွေတော့ ယူလာပြဖို့ လိုလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။