Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား အာဏာရပါတီ ခေါင်းဆောင်အဖြစ် ကင်မ်ဂျုံအွန်းကိုပဲ ပြန်ရွေးချယ်

မြောက်ကိုရီးယား အာဏာရ ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံက အဓိပတိ ကင်မ်ဂျုံအွန်းကို ပါတီခေါင်းဆောင်အဖြစ် ဆက်လက် ရွေးချယ် တင်မြှောက်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယား အာဏာရ ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံက အဓိပတိ ကင်မ်ဂျုံအွန်းကို ပါတီခေါင်းဆောင်အဖြစ် ဆက်လက် ရွေးချယ် တင်မြှောက်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ အလုပ်သမား ပါတီဟာ ၅ နှစ်တစ်ကြိမ် ပြည်လုံးကျွတ် ညီလာခံ ကျင်းပပြီး လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း လုပ်ဆောင်မှုတွေကို သုံးသပ်တာ၊ နောက်ထပ် ၅ နှစ်အတွက် မူဝါဒတွေ ရေးဆွဲတာတွေကို ညှိနှိုင်း လုပ်ဆောင်လေ့ ရှိပါတယ်။ ဒါဟာ မြောက်ကိုရီးယားမှာတော့ ရှားပါးပြီး အကြီးမားဆုံးလို့ သတ်မှတ်နိုင်တဲ့ နိုင်ငံရေး စုဝေးမှုလည်း ဖြစ်ပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ညီလာခံရဲ့ စတုတ္ထနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ပါတီ ဥက္ကဋ္ဌ နေရာအတွက် လက်ရှိ ခေါင်းဆောင် ကင်မ်ကိုပဲ ဆက်လက် ထောက်ခံ ရွေးချယ်ခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကင်မ်ဟာ ကိုယ်စားလှယ်တွေရဲ့ တညီတညွတ်တည်းဆန္ဒ၊ မယိမ်းယိုင်တဲ့ စိတ်ပိုင်းဖြတ်မှုတွေနဲ့အတူ ခေါင်းဆောင်အဖြစ် ဆက်လက် ထောက်ခံ ရွေးချယ် ခံခဲ့ရတယ်လို့ KCNAက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်ရဲ့ ဦးဆောင်မှုအောက်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အခြေပြု ကာကွယ်ရေး စွမ်းရင်ဟာ အထင်အရှား တိုးတက်လာခဲ့တယ်လို့လည်း KCNAက ညွှန်းဆိုသွားပါတယ်။

မြောက်ကိုရီးယားမှာ ကင်မ်မိသားစုက အာဏာရှင်အဖြစ် အစဉ်အဆက် ကြီးစိုးခဲ့ပေမယ့် အခုညီလာခံကတော့ နိုင်ငံကို စနစ်ကျပြီး အများဆန္ဒနဲ့ ညီညွတ်အောင် စီမံ အုပ်ချုပ်နေသယောင် ဖော်ပြတဲ့ နိုင်ငံရေး အဆင်တန်ဆာတစ်ခု ဖြစ်ပါတယ်။ အဲဒီ ညီလာခံမှာတော့ အနာဂတ် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အိမ်ရာတွေ တည်ဆောက်မှုကစလို့ စစ်ရေး အခင်းအကျင်းတွေထိ အဆုံးအဖြတ် ယူလေ့ရှိပါတယ်။

ညီလာခံ မိန့်ခွန်းမှာတော့ ကင်မ်က ပါတီအနေနဲ့ စီးပွားရေး တည်ဆောက်မှု၊ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးဆိုတဲ့ တာဝန်တွေကို မြန်နိုင်သမျှမြန်မြန် ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့ ကြီးမားတဲ့ သမိုင်းဝင် တာဝန်တစ်ခုကို အကောင်အထည် ဖော်ရတော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကင်မ်က အခုနှစ် ညီလာခံမှာ နိုင်ငံရဲ့ နျူကလီးယားလက်နက် စီမံကိန်းတွေရဲ့ နောက်တစ်ဆင့် ဦးတည်မယ့် လမ်းကြောင်းတွေကို ဆွေးနွေး အတည်ပြုသွားမယ်လို့လည်း ကြိုတင် ကြေညာထားပါတယ်။

ကင်မ်ရဲ့ အဖိုးနဲ့ အဖေတို့လည်း အုပ်ချုပ်ခဲ့တဲ့ မြောက်ကိုရီးယား သမိုင်းတလျှောက် ဒီညီလာခံဟာ နဝမအကြိမ် ကျင်းပခြင်း ဖြစ်ပါတယ်။ ကင်မ်ရဲ့ဖခင် ကင်မ်ဂျုံအီလ် လက်ထက်မှာ အဲဒီညီလာခံ ကျင်းပမှုတွေကို ဖျက်သိမ်းခဲ့ပေမယ့် ၂၀၁၆ မှာတော့ ၅ နှစ်တစ်ကြိမ် ကျင်းပမှုတွေ ပြန်စလာခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – KCNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။