Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်လယ်ကွေ့ နိုင်ငံတွေကို ဆက်ပြီး မတိုက်ခိုက်ဖို့ မဟာမိတ် အီရန်ကို ဟားမားစ် တောင်းဆို

ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ မဟာမိတ် အီရန်နိုင်ငံကို ဟားမားစ် ပြောက်ကျားအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ မဟာမိတ် အီရန်နိုင်ငံကို ဟားမားစ် ပြောက်ကျားအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို အီရန်က တုံ့ပြန်ရာမှာ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေထဲက အမေရိကန် စစ်စခန်းတွေ၊ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်နေခဲ့ပါတယ်။

ဟားမားစ်ဟာ ဂါဇာကမ်းမြှောင်ဒေသမှာ အဓိက အခြေစိုက် လှုပ်ရှားတဲ့ ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး အီရန်ရဲ့ ထောက်ခံ အားပေးမှုကို ရထားပါတယ်။ ပုံမှန်ဆိုရင် ဟားမားစ် အဖွဲ့ဟာ အီရန်ရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေကို ဆန့်ကျင်လေ့ မရှိပေမယ့် အခုကိစ္စမှာတော့ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေကို အီရန်က တိုက်ခိုက်တာတွေ မလုပ်ဖို့ ရှားရှားပါးပါး အခြေအနေ တစ်ခုအနေနဲ့ တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။

အီရန်မှာရှိတဲ့ ညီအစ်ကိုတော်တွေဟာ အိမ်နီးချင်း နိုင်ငံတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာမျိုးတွေကနေ ရှောင်ရှားပေးစေလိုပါတယ်လို့ ဟားမားစ်ရဲ့ မတ်လ ၁၄ ရက် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ညီရင်းအစ်ကို ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ဒေသတွင်း နိုင်ငံအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ဟားမားစ်က တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာမှာ အစ္စရေးနဲ့ ၂ နှစ်ကျော်ကြာ စစ်ခင်းခဲ့ပြီး လောလောဆယ် အပစ်အခတ် ရပ်စဲထားတဲ့ ဟားမားစ်က အမေရိကန်နဲ့ အစ္စရေးရဲ့ ရန်လို ကျူးကျော်မှုအတွက် အီရန်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အပြည့်အဝ ရှိတယ်လို့လည်း ထောက်ခံခဲ့ပါတယ်။

အီရန်အစိုးရက အိမ်နီးချင်း နိုင်ငံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုဟာ အဲဒီနိုင်ငံတွေကို တိုက်ခိုက်ခြင်း ဆိုတာထက် နိုင်ငံအသီးသီးရဲ့ ပိုင်နက်ထဲက အမေရိကန် အဆောက်အအုံတွေကို ပစ်မှတ်ထားတာသာ ဖြစ်တယ်လို့ ကာကွယ် ပြောကြားထားပါတယ်။ ဒါပေမဲ့ တိုက်ခိုက်မှု အတော်များများဟာ အရပ်ဖက် အဆောက်အအုံတွေကို ထိမှန်ခဲ့ပါတယ်။

ဟားမားစ်က အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြီးအတွက် အလေးအနက် စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။ အစိုးရ အသီးသီးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ဒီစစ်ပွဲကို အမြန်ဆုံး ရပ်တန့်နိုင်အောင် ဝိုင်းဝန်း ကြိုးပမ်းသင့်ကြောင်းလည်း ဟားမားစ်က သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်လောက်အတွင်း အီရန်က လက်တုံ့ပြန်တဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေဒဏ်ကို ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံအများအပြားက သိသိသာသာ သက်ရောက် ခံစားခဲ့ကြရပါတယ်။ အီရန်ရဲ့ တုံ့ပြန် တိုက်ခိုက်မှုတွေကြောင့် ပင်လယ်ကွေ့ ဒေသ နိုင်ငံတွေမှာ လူပေါင်း ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများစုက လုံခြုံရေး ဝန်ထမ်းတွေနဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ဖြစ်ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နဲ့ ကူဝိတ်တို့မှာ ၆ ဦးစီ သေဆုံးခဲ့ပြီး အိုမန်၊ ဆော်ဒီအာရေးဘီးယား၊ ဘာရိန်းတို့မှာ ၂ ဦးစီ သေဆုံးစာရင်း ရရှိထားကြောင်း သိရပါတယ်။

အီရန်ဟာ ဟားမားစ်အဖွဲ့အတွက် နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်တပ်ဆင်မှုတွေမှာ အကြီးမားဆုံး ကျောထောက်နောက်ခံပြု ရပ်တည်ပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ အမေရိကန်ကြား စစ်ပြေငြိမ်းရေး ကနဦးအဆင့် သဘောတူညီမှု တစ်ခုကို ဇွန်လ ၁၄ ရက်နေ့မှာ လက်မှတ် ရေးထိုးနိုင်ဖွယ် ရှိနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။