Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ရှိစွမ်းအင်အကျပ်အတည်းအတိုင်းဆက်သွားနေရင်ဘယ်နိုင်ငံမှမလွတ်နိုင်ဘူးလို့ IEA သတိပေး

အရှေ့အလယ်ပိုင်းစစ်ပွဲကိုအကြောင်းပြုပြီးကမ္ဘာ့စီးပွားရေးဟာကြီးကြီးမားမားခြိမ်းခြောက်မှုမျိုးနဲ့ ရင်ဆိုင်နေရပြီလို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA)ရဲ့အကြီးအကဲကပြောကြားခဲ့ပါတယ်။

မတ်-၂၃၊၂၀၂၆။People’s Spring

အရှေ့အလယ်ပိုင်းစစ်ပွဲကိုအကြောင်းပြုပြီးကမ္ဘာ့စီးပွားရေးဟာကြီးကြီးမားမားခြိမ်းခြောက်မှုမျိုးနဲ့ ရင်ဆိုင်နေရပြီလို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA)ရဲ့အကြီးအကဲကပြောကြားခဲ့ပါတယ်။

IEA အကြီးအကဲ ဖာတာ ဘီရိုလ်က အီရန်စစ်ပွဲကြောင့် ဟောမုဇ် ရေလက်ကြား ပိတ်ဆို့ခံထားရပြီး ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ စွမ်းအင် အကျပ်အတည်းဟာ အရမ်း ပြင်းထန်ကြောင်း၊ ထိခိုက်မှု ပမာဏဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက ကြုံခဲ့တဲ့ ရေနံ ပြတ်တောက်မှု၊ ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ လောင်စာ အခက်အခဲတွေ နှစ်ခုပေါင်းထက်​တောင်ပိုဆိုးနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

လက်ရှိ အကျပ်အတည်းအတိုင်း ဆက်သွားနေမယ်ဆိုရင် ကြုံလာမယ့် သက်ရောက်မှုတွေကနေ ဘယ်နိုင်ငံမှ လွတ်မြောက်မှာ မဟုတ်ဘူးလို့လည်း ဘီရိုလ်က ပြောကြားခဲ့ပါတယ်။သူကလက်ရှိ ပြဿနာကို နိုင်ငံတကာ အသိုက်အဝန်းက စုပေါင်း ညှိနှိုင်းပြီးအဖြေရှာကြဖို့လည်းတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး စတင်တိုက်ခိုက်ခဲ့တဲ့နောက် အီရန်က နိုင်ငံတောင်ပိုင်းမှာရှိတဲ့ဟောမုဇ် ရေလက်ကြားကိုပိတ်ချပစ်လိုက်ပါတယ်။အဲဒီရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ငါးပုံတစ်ပုံလောက်ဖြတ်သန်းနေတဲ့ရေလမ်းကြောင်းဖြစ်ပါတယ်။ဟောမုဇ် အပိတ်ခံရတဲ့အခါတစ်ကမ္ဘာလုံးမှာစွမ်းအင်လိုအပ်ချက်ပြဿနာကကြီးကြီးမားမားရိုက်ခတ်လာခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က အီရန်သာဟောမုဇ်ကိုပိတ်ချခဲ့မယ်ဆိုရင်အဲဒီအခြေအနေကိုကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမျိုးအမေရိကန်မှာရှိနေပြီးသားလို့ပြောကြားဖူးပေမယ့်သီတင်းသုံးပတ်ကျော် ကြာလာတဲ့ထိ အပြောနဲ့လက်တွေ့ ညီအောင် မပြသနိုင်သေးပါဘူး။

ဘီရိုလ်ကလက်ရှိမှာကမ္ဘာကြီးဟာရေနံသာမကဘဲ ဓာတ်ငွေ့ ပြတ်လပ်မှု အကျပ်အတည်းနဲ့ပါတပြိုင်တည်း ကြုံနေရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟောမုဇ် ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်ပေးဖို့ မတ်လ ၂၁ ရက်နေ့မှာ အီရန်ကို ရာဇသံ ပေးထားပြီး မလိုက်နာရင် အီရန်ရဲ့ ဓာတ်အားပေး ကွန်ရက်တွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အီရန်ကလည်း အမေရိကန်သာ အဲဒီလို တိုက်ခိုက်လာရင် ဒေသတွင်းက အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ စွမ်းအင် နဲ့ ရေသန့်စင်မှုဆိုင်ရာ စက်ရုံတွေကို ပစ်မှတ်ထားပြီး လက်တုံ့ပြန်မယ်လို့ တန်ပြန်ခြိမ်း​ခြောက်ထားပါတယ်။

IEAကတော့ လိုအပ်လာမယ့် အခြေအနေအပေါ် မူတည်ပြီးနောက်ထပ်အပိုဆောင်းသိုလှောင်ထားတဲ့ ရေနံတွေကို စျေးကွက်ထဲ ထုတ်ပေးကြဖို့ အာရှနဲ့ ဥရောပ နိုင်ငံတွေဆီ ဆက်သွယ် ဆွေးနွေးနေကြောင်း ပြောပါတယ်။ IEA အဖွဲ့ဝင် နိုင်ငံတချို့ဟာ လဆန်းပိုင်းလောက်တုန်းက လောင်စာဆီစျေးထိန်းချုပ်ရေးအတွက်အပိုဆောင်း သိုလှောင်ထားတဲ့ ရေနံစည်ပေါင်း သန်း ၄၀၀ လောက်ကို ထုတ်ပေးခဲ့ပါတယ်။

ဘာရိုလ်ကတော့ ဒီလိုလုပ်ဆောင်မှုမျိုးဟာ ပြဿနာအတွက် ရေတို ဖြေရှင်းမှုလောက်သာ ဖြစ်နိုင်မယ်လို့ ဝန်ခံခဲ့ပြီးအရှုပ်အထွေးအားလုံးရဲ့ မူလအရင်းအမြစ်ကိုကိုင်တွယ်ဖို့ကအရေးကြီးကြောင်း ပြောပါတယ်။ကမ္ဘာကြီးရဲ့နေ့စဉ်ရေနံသုံးစွဲမှု ပမာဏဟာတစ်နေ့ကို စည်ပေါင်းသန်း ၁၀၀ ကျော် ရှိနေကြောင်းလည်း သိရပါတယ်။

ကိုးကား- CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တကယ်လို့ အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေပါ ဖွင့်ပြီး တုံ့ပြန် ဖိအားပေးသွားမယ်လို့ အီရန်စစ်တပ်က သတိပေး ပြောကြားလိုက်ပါတယ်။