Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ညှိနှိုင်းပြီး ထိုင်းရေနံတင်သင်္ဘောဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းခွင့်ရ

အီရန်နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေအပြီး ထိုင်းရေနံတင် သင်္ဘောတစ်စီးဟာ ဟောမုဇ် ရေလက်ကြားကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

အီရန်နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေအပြီး ထိုင်းရေနံတင် သင်္ဘောတစ်စီးဟာ ဟောမုဇ် ရေလက်ကြားကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

အီရန်နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေအပြီး ထိုင်းရေနံတင် သင်္ဘောတစ်စီးဟာ ဟောမုဇ် ရေလက်ကြားကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံဆိုင်ရာ အီရန် သံအမတ်တို့ကြား အောင်အောင်မြင်မြင် ညှိနှိုင်းခဲ့တဲ့နောက် အီရန် တောင်ပိုင်းမှာ တည်ရှိတဲ့ မဟာဗျူဟာ ကျသလောက် လက်ရှိ စစ်ကာလမှာ အန္တရာယ်လည်း များလှတဲ့ ရေလမ်းကြောင်းကို ထိုင်းရေနံတင် သင်္ဘောက ဖြတ်သန်းခွင့် ရခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောဟာ မတ်လ ၂၃ ရက်နေ့မှာ ရေလက်ကြားကို ဖြတ်သန်းခဲ့တာ ဖြစ်ကြောင်း၊ အဲဒီအတွက် အီရန်ကို အခကြေးငွေ ပေးစရာလည်း မလိုခဲ့ကြောင်း ထိုင်းအစိုးရ သတင်းရင်းမြစ် တစ်ခုနဲ့ ရေယာဉ်ရဲ့ မိခင်ကုမ္ပဏီတို့က မတ်လ ၂၅ ရက်နေ့မှာ အသီးသီး အတည်ပြုခဲ့ပါတယ်။

Bangchak ကော်ပိုရေးရှင်းပိုင် သင်္ဘောရဲ့ ဟောမုဇ် ရေလက်ကြား ဖြတ်သန်းမှု ခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက် ဖုန်ကက်ကောင်းက သူဟာ အီရန်နဲ့ ဆက်သွယ်ပြီး ထိုင်းသင်္ဘောတွေ ဟောမုဇ်ကို ဖြတ်သန်းနိုင်ဖို့ အရမ်းလိုအပ်တယ်ဆိုတာ ရှင်းပြခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ အီရန်ဖက်ကလည်း အဆင်ပြေအောင် လုပ်ပေးမယ်လို့ အကြောင်းပြန်ပြီး ထိုင်းဖက်က ဖြတ်သန်းစေချင်တဲ့ ရေယာဉ်တွေရဲ့ နာမည်တွေကို စာရင်းပေးပို့ဖို့ တောင်းခဲ့တယ်လို့လည်း ဆီဟာဆက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကို ခံရချိန်မှာပဲ အီရန်ဟာ နိုင်ငံတောင်ပိုင်းက ဟောမုဇ် ရေလက်ကြားကို ပိတ်ချခဲ့ပြီး ဖြတ်သန်းခုတ်မောင်းတဲ့ ရေယာဉ်တွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။ ဟောမုဇ်ဟာ နိုင်ငံတကာဆီ ဖြန့်ကျက်တင်ပို့တဲ့ ရေနံစုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းရာ ရေလမ်းကြောင်း ဖြစ်ပြီး ဟောမုဇ်ကို အီရန်က ပိတ်ချလိုက်တဲ့အခါ နိုင်ငံတကာ လောင်စာ အကျပ်အတည်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အခုသီတင်းပတ်မှာတော့ အီရန်ဟာ ရန်ဘက်မဟုတ်တဲ့ နိုင်ငံတွေရဲ့ ရေနံတင် သင်္ဘောတွေကို စိစစ်လက်ခံပြီး ဟောမုဇ်ကို ဖြတ်သန်းခွင့် ပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်လောက်က ထိုင်းရဲ့ ဝမ်းပြား ရေနံတင် သင်္ဘောတစ်စီးဖြစ်တဲ့ Mayuree Nareeဟာ ရေလက်ကြားနားမှာ ဒုံးကျည်လို့ ယူဆရတဲ့ အရာတွေ ထိခိုက်ပြီး ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။ သင်္ဘောပေါ်က အမှုထမ်း ၂၀ ဟာ ရေယာဉ်ကို အရေးပေါ် စွန့်ခွာခဲ့ရပြီး ၃ ဦးကတော့ ပျောက်ဆုံးနေဆဲပါ။

လောလောဆယ်တော့ ဟောမုဇ်နားမှာ နောက်ထပ် ထိုင်းရေနံတင် သင်္ဘောတစ်စီးဟာ အီရန်ဆီက ဖြတ်သန်းခွင့် မီးစိမ်းပြလာမှာကို စောင့်ဆိုင်းနေဆဲလို့လည်း ဆီဟာဆက်က ပြောပါတယ်။

ထိုင်းနိုင်ငံ ဆိုင်ရာ အီရန်သံရုံးကလည်း ထိုင်းရေနံတင် သင်္ဘောကို ဟောမုဇ် ရေလက်ကြား ဖြတ်သန်းဖို့ ခွင့်ပြုခဲ့တာဟာ နှစ်နိုင်ငံကြားက ခိုင်မာရင်းနှီးတဲ့ ဆက်ဆံရေးကို ထင်ဟပ်စေလိမ့်မယ်လို့ လူမှုကွန်ရက် မီဒီယာ Xကနေ သဘောထား မှတ်ချက်ပေးထားခဲ့ပါတယ်။ ‘မိတ်ဆွေတွေအတွက် အထူးနေရာတစ်ခုကတော့ ရှိနေမှာပဲ’လို့ သံရုံးက ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တကယ်လို့ အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေပါ ဖွင့်ပြီး တုံ့ပြန် ဖိအားပေးသွားမယ်လို့ အီရန်စစ်တပ်က သတိပေး ပြောကြားလိုက်ပါတယ်။