Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်မှာ ရထားနဲ့ ဘတ်စ်ကားတိုက်မိပြီးလူရှစ်ဦးသေဆုံး ၊၁၅ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာဒီနေ့(မေလ ၁၆ရက်) နေ့ခင်းပိုင်းက မက်ကဆန်ဘူတာအနီးမှာရထားနဲ့ ဘတ်စ်ကားတိုက်မိပြီး လူ ရှစ်ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရသွားပါတယ်။

ဓာတ်ပုံ - The Nation

မေ – ၁၆ ၊၂၀၂၆

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာဒီနေ့(မေလ ၁၆ရက်) နေ့ခင်းပိုင်းက မက်ကဆန်ဘူတာအနီးမှာရထားနဲ့ ဘတ်စ်ကားတိုက်မိပြီး လူ ရှစ်ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရသွားပါတယ်။

အဲဒီဖြစ်စဉ်ဟာဒီနေ့ နေ့ခင်းပိုင်း ၃ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားတာဖြစ်ပြီး ရထားလမ်းကူးနေရာမှာ ဖြစ်ပွားခဲ့တာပါ။

မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးရဲ့ပြောပြချက်အရ သံလမ်းကူးနေရာကိုရထားလာချိန်မှာ ဘတ်စ်ကားက ဖြတ်မောင်းရာကနေ မလွတ်ဘဲ တိုက်မိခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရထားနဲ့ ဘတ်စ်ကားတိုက်မိတဲ့အဲဒီဖြစ်စဉ်မှာ ဘတ်စ်ကား မီးလောင်ခဲ့သလို ပေါက်ကွဲသံတွေပါကြားခဲ့ရတာပါ။

ဘတ်စ်ကားကိုမီးငြိမ်းသတ်ပြီးနောက်ကားထဲကနေရုပ်အလောင်း ရှစ်လောင်းကို ကယ်ဆယ်ရေး သမားတွေက တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

ဘတ်စ်ကားအပြင် အိမ်စီးကားငယ်တစ်စီးလည်းတိုက်ခံရပြီးမီးလောင်တဲ့အထဲပါသွားပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဇိမ်ခံအိမ်တွေကို အဓိက ပစ်မှတ်ထားတဲ့ တရုတ် ဖောက်ထွင်းဝိဇ္ဇာနှစ်ဦး ထိုင်းနိုင်ငံဆီ ပြန်ရောက်လာချိန် လေဆိပ်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက ချင်းမိုင်ပြည်နယ်ထဲမှာ ခုခံအား ကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားစေတဲ့ HIVပိုး ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။