Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ရှီကျင့်ဖျင်နဲ့ ကင်မ်ဂျုံအွန်း ကတိပြု

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန် မြှင့်တင်ဖို့ တရုတ်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ သဘောတူ ညှိနှိုင်းခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန် မြှင့်တင်ဖို့ တရုတ်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ သဘောတူ ညှိနှိုင်းခဲ့ကြောင်း သိရပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ် အတောအတွင်း ဇွန်လ ၈ ရက်နေ့က ပြုံယမ်းမြို့တော်မှာ အိမ်ရှင်နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းနဲ့ ထိပ်သီး အစည်းအဝေး ပြုလုပ်ခဲ့တာပါ။ ရှီဟာ အဲဒီနေ့က ပြုံယမ်းကို လေကြောင်းကနေ ဆိုက်ရောက်လာပြီး ကင်မ်ကိုယ်တိုင် လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ပါတယ်။

အဲဒီနေ့မှာပဲ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်ဖို့ သဘောတူခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဇွန်လ ၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ လက်ရှိ ရင်းနှီးခိုင်မာပြီးသား ဆက်ဆံရေးကို နောက်ထပ် မျက်နှာစာသစ်တစ်ခု ချဲ့ထွင်ဖို့ပါ ကတိပြုခဲ့တယ်လို့လည်း KCNAက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်က မြောက်ကိုရီးယား အစိုးရဟာ တရုတ်ရဲ့ ဝမ်းချိုင်းနား မူဝါဒကို အပြည့်အဝ ထောက်ခံပြီး ထိုင်ဝမ်ရေလက်ကြားနဲ့ ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု တစ်ခုတည်းအောက်မှာ ရှိနေတယ်လို့ သဘောတူကြောင်းလည်း ရှီကို ပြောကြားခဲ့ပါတယ်။

ရှီဟာ သမ္မတကတော် ပန်လိယွမ်နဲ့အတူ ပြုံယမ်းကို ရောက်လာခဲ့တာပါ။ ဒါဟာ ၇ နှစ်လောက်အတွင်း သူ့ရဲ့ ပထမဆုံး မြောက်ကိုရီးယား ခရီးစဉ် ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ တရုတ်ရဲ့ တစ်ခုတည်းသာ စစ်မဟာမိတ် နိုင်ငံဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရုရှားဖက်ကို ပိုယိမ်းလာတာကြောင့်လည်း ရှီက ချိန်ခွင်လျှာ ပြန်ညှိဖို့ အခုခရီးကို စီစဉ်ခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ရှီနဲ့ ကင်မ်တို့ဟာ နှစ်နိုင်ငံ အစိုးရ အရာရှိတွေကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ကိုလည်း သဘောတူခဲ့တယ်လို့ KCNAက ဖော်ပြထားပါတယ်။

ရှီတို့ဇနီးမောင်နှံဟာ ကင်မ်နဲ့ ဇနီးဖြစ်သူ ရီဆိုလ်ဂျူတို့နဲ့အတူ ပြုံယမ်းက ခန်းမဆောင် တစ်ခုမှာ ကျင်းပတဲ့ အနုပညာ ဖျော်ဖြေပွဲကိုလည်း တက်ရောက် အားပေးခဲ့ပါတယ်။ အဲဒီ ဖျော်ဖြေပွဲမှာတော့ နှစ်နိုင်ငံ ရင်းနှီးကျွမ်းဝင်မှုကို တန်ဖိုးထားကြောင်း ရည်ညွှန်းထားတဲ့ တရုတ်နဲ့ မြောက်ကိုရီးယား သီချင်းတွေကို တင်ဆက်ခဲ့ပါတယ်။

ညပိုင်းမှာတော့ ကင်မ်ဟာ ရှီနဲ့ တရုတ်အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံတော် ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ ညစာစားပွဲမှာတော့ ရှီက နှစ်နိုင်ငံ ခင်မင်ရင်းနှီးမှုအတွက် ကျေနပ်ပီတိ ဖြစ်မိကြောင်းနဲ့ စိတ်အား ထက်ထက်သန်သန် ကြိုဆိုပေးခဲ့တဲ့ မြောက်ကိုရီးယား အရာရှိတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ရှီဟာ ဇွန်လ ၉ ရက်နေ့မှာ ဘေဂျင်းကို ပြန်လည်ထွက်ခွာမှာဖြစ်ပြီး အဲဒီအတွက်လည်း မြောက်ကိုရီးယားက ဂုဏ်ပြုတပ်ဖွဲ့နဲ့ အလေးပြုတာ အပါအဝင် တခမ်းတနား အစီအစဉ်တွေနဲ့ နှုတ်ဆက်သွားဖွယ် ရှိနေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။