Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှီကျင့်ဖျင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ် ပြီးဆုံး

မြောက်ကိုရီးယားမှာ တစ်ရက်ကြာ နေထိုင်ပြီးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန်လ ၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

မြောက်ကိုရီးယားမှာ တစ်ရက်ကြာ နေထိုင်ပြီးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန်လ ၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

ဇွန်လ ၈ ရက်နေ့မှာ ရှီဟာ ပြုံယမ်းမြို့တော်ဆီ ရောက်ရှိလာခဲ့ပြီး အိမ်ရှင်နိုင်ငံ ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ရှီရဲ့ ၇ နှစ်အတွင်း ပထမဆုံး မြောက်ကိုရီးယား ခရီးစဉ်မှာ နှစ်ဖက် ခေါင်းဆောင်တွေဟာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှုတွေ ရယူနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာခဲ့ပါဘူး။

ရှီကို မြောက်ကိုရီးယား အစိုးရက တခမ်းတနား ဧည့်ခံ ကြိုဆိုခဲ့သလို ဇွန်လ ၉ ရက်နေ့မှာတော့ သူနဲ့ ကင်မ်တို့ဟာ မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေး မျှော်စင်ကို သွားရောက်ခဲ့ပြီး ကိုရီးယား ကျွန်းဆွယ် စစ်ပွဲအတွင်း မြောက်ကိုရီးယား တပ်တွေနဲ့အတူ လက်တွဲ တိုက်ခိုက်ခဲ့တဲ့ တရုတ် စစ်သားတွေကို အလေးပြုခဲ့ကြပါတယ်။

တရုတ် မီဒီယာတွေကတော့ ရှီနဲ့ ကင်မ်တို့ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့၊ အမေရိကန်ရဲ့ ဖိအားပေးမှုတွေကို တွန်းလှန်နိုင်ရေး ပိုပြီး နီးနီးကပ်ကပ် ရှိကြဖို့ သဘောတူခဲ့ကြောင်း ဖော်ပြသွားပါတယ်။

Public Service Announcement

Public Service Announcement

ရှီရဲ့ ခရီးစဉ် အတောအတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်မှုတွေအကြောင်း ဆွေးနွေးခြင်း မရှိခဲ့သလို ဒါဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို တရုတ်က သွယ်ဝိုက် အသိအမှတ် ပြုခဲ့တဲ့ အရိပ်အယောင်မျိုး ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဇွန်လ ၉ ရက်နေ့မှာတော့ ရှီဟာ မြောက်ကိုရီးယား အစိုးရက တည်ခင်းတဲ့ ဂုဏ်ပြုနေ့လယ်စာကို သုံးဆောင်ခဲ့သလို ကင်မ်ကိုယ်တိုင် ကြီးမှူးတဲ့ နှုတ်ခွန်းဆက် အခမ်းအနားကို တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံဆီ လေကြောင်းကနေ ပြန်လည် ထွက်ခွာသွားကြောင်း သိရပါတယ်။

ကိုးကား: Washington Post

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။