Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြုံယမ်းခရီးစဉ်အပေါ် ရှီကျင့်ဖျင် အရမ်းအားရ ကျေနပ်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရမီဒီယာ ဖော်ပြ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - KCNA/AP

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

ရှီဟာ ဇွန်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေတုန်းက ပြုံယမ်းမြို့တော်ဆီ အလည်အပတ် ခရီးစဉ် လာရောက်ခဲ့သလို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဧည့်သည်တော် တရုတ် သမ္မတဟာ မြောက်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အထူးနှစ်ထောင်း ကျေနပ်မှု ရှိခဲ့တယ်လို့လည်း KCNA သတင်းဌာနက ဆိုပါတယ်။ ရှီနဲ့ ဇနီးဖြစ်သူတို့ရဲ့ ၂ ရက်ကြာ အလည်အပတ် ခရီးစဉ်ဟာ အိမ်နီးချင်း နိုင်ငံတွေကြားက ရှိရင်းစွဲ ခင်မင်ရင်းနှီးမှုကို ဘယ်တုန်းကမှနဲ့ မတူတဲ့ အဆင့်မျိုးထိ အားကောင်းလာစေတယ်လို့လည်း KCNAက သုံးသပ်ခဲ့ပါတယ်။

ကင်မ်နဲ့ ရှီတို့ဟာ လက်ရှိထက် ပိုပြီး ခိုင်မာတဲ့ မဟာဗျူဟာ ဆက်ဆံရေးမျိုး အတူထူထောင်ကြဖို့ကိုလည်း အချင်းချင်း ကတိပြုခဲ့တယ်လို့ သိရပါတယ်။ ရှီဟာ ပြုံယမ်းမှာ ရှိနေစဉ် အတောအတွင်း အာဏာရ အလုပ်သမား ပါတီရဲ့ အရာရှိလောင်း သင်တန်းကျောင်းဆီကိုလည်း သွားရောက် လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး မျှော်စင်ကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီ မျှော်စင်ဟာ ကိုရီးယား ကျွန်းဆွယ်စစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ တရုတ်စစ်သည်တွေကို ဂုဏ်ပြု တည်ဆောက်ထားတာပါ။

Public Service Announcement

Public Service Announcement

ရှီဟာ ဘေဂျင်းကို ပြန်ရောက်သွားတဲ့နောက် သူ့ကို နွေးနွေးထွေးထွေးနဲ့ အရေးတယူ ကြိုဆိုခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ကင်မ်နဲ့ မြောက်ကိုရီးယား အစိုးရဆီ စာရေးသား ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

မြောက်ကိုရီးယားဆီ ၇ နှစ်အတွင်း ပထမဆုံး သွားရောက်ခဲ့တဲ့ ရှီရဲ့ ခရီးစဉ်ဟာ သာမန် ချစ်ကြည်ရေး ပြယုဂ် တစ်ခုထက် ပိုနိုင်တယ်လို့ နိုင်ငံတကာအရေး အကဲခတ်တွေက ဆိုပါတယ်။ မြောက်ကိုရီးယားဟာ တရုတ်ရဲ့ တစ်ခုတည်းသော စစ်ရေး မဟာမိတ် ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ရုရှားနဲ့ ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးမျိုး မြှင့်တင်လာခဲ့ပါတယ်။ ရှီရဲ့ ခရီးစဉ်ဟာ မြောက်ကိုရီးယားအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ပြန်လည် ထိန်းညှိဖို့ ရည်ရွယ်ချက်မျိုး နက်နက်ရှိုင်းရှိုင်း ပတ်သက်နေနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက် အတွင်းမှာ ရှီဟာ သံတမန်ရေးရာ ကိစ္စတွေနဲ့ အတော်ကြီး အလုပ်ရှုပ်နေခဲ့ပြီး ဘေဂျင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ကိုလည်း သီးခြားစီ ဧည့်ခံ တွေ့ဆုံခဲ့ပါသေးတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။