Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာ အဖွင့်လှခဲ့တဲ့ နာမည်ကြီး အင်္ဂလန်အသင်း

ခေတ်သစ် ဘောလုံးအားကစားကို အစပျိုးခဲ့တဲ့ ဘောလုံးဘိုးအေ နိုင်ငံအဖြစ် တင်စားခံရတဲ့ နာမည်ကြီး အင်္ဂလန် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကောင်းမွန်တဲ့ ရလဒ်တစ်ခုနဲ့ စတင်နိုင်ခဲ့ပါတယ်။

ခေတ်သစ် ဘောလုံးအားကစားကို အစပျိုးခဲ့တဲ့ ဘောလုံးဘိုးအေ နိုင်ငံအဖြစ် တင်စားခံရတဲ့ နာမည်ကြီး အင်္ဂလန် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကောင်းမွန်တဲ့ ရလဒ်တစ်ခုနဲ့ စတင်နိုင်ခဲ့ပါတယ်။

ခရိုအေးရှားကို အင်္ဂလန်က လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်တွေမှာ အကြိတ်အနယ် အရှိဆုံး၊ ဖျော်ဖြေမှု အပေးနိုင်ဆုံး ပွဲစဉ်တွေထဲက တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်ဟာ ပြိုင်ပွဲ မစခင်မှာ အသင်းမန်နေဂျာ သောမတ်စ် တူဟဲလ်ရဲ့ လူရွေးချယ်မှုတွေနဲ့ ပတ်သက်လို့ အတော်လေး ဝေဖန်တာ ခံခဲ့ရပေမယ့် အဆိပ်ပြင်းတဲ့ အသင်းကောင်း တစ်ခုဖြစ်တဲ့ ခရိုအေးရှားကို အနိုင်ယူခဲ့တာကြောင့် အုပ်စု(ဌ)မှာ အုပ်စုဗိုလ် နေရာရဖို့ အတော်လေး အလားအလာ များသွားပါပြီ။

အင်္ဂလန်မှာ ဟယ်ရီကိန်း၊ ဂျုဒ်ဘယ်လင်ဟမ်၊ ဒီကလန်ရိုက်စ်၊ ရီးစ်ဂျိမ်းစ်စတဲ့ ထိပ်တန်း ဘောလုံးသမားတွေ ပါဝင်ကစားခဲ့သလို ခရိုအေးရှားဖက်ကလည်း လူကာမိုဒရစ်၊ အိုင်ဗန် ပါရီဆစ်တို့လို နာမည်ကြီး ကစားသမားတွေ ပါဝင်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အင်္ဂလန်အတွက် အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိန်းက ၂ ဂိုးသွင်းယူပေးခဲ့ပြီး ဘယ်လင်ဂမ်က ၁ ဂိုး၊ လူစားဝင်လာတဲ့ တောင်ပံတိုက်စစ် ကစားသမား မားကက်စ် ရက်ရှ်ဖို့ဒ်က ၁ ဂိုး အသီးသီး ရရှိခဲ့ပါတယ်။

နှစ်သင်းစလုံးက ပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး အင်္ဂလန်ကတော့ ဂိုးပေါက်ကို ခြိမ်းခြောက်တဲ့ အခွင့်အရေးတွေ သိသိသာသာ ပိုရရှိခဲ့တာကို တွေ့ရပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ ကိန်းက အင်္ဂလန်ဟာ ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ပြောကြားသွားပါတယ်။

အုပ်စုတွင်း တခြားပွဲစဉ်မှာတော့ ဂါနာက ပနားမားကို ပွဲပြီးခါနီး နောက်ဆုံးလက်ကျန် အပိုဆောင်းချိန်မှာ သွင်းယူတဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပြီး အင်္ဂလန်ရဲ့နောက် ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။

အင်္ဂလန်ဟာ ဇွန်လ ၂၄ ရက်နေ့မှာ ဂါနာအသင်းနဲ့ တွေ့ဆုံပြီး ၂၈ ရက်မှာတော့ ပနားမားနဲ့ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အားကစားတစ်ခု ဖြစ်လာတဲ့ ဘောလုံးကစားနည်းကို စနစ်ကျတဲ့ နည်းလမ်းတွေနဲ့ စတင် မိတ်ဆက်ပေးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အဲဒီလို အစဉ်အလာကောင်းမျိုး ရှိနေပေမယ့် အင်္ဂလန်ဟာ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာတော့ အောင်မြင်မှု များများစားစား မရခဲ့ဖူးပါဘူး။ အင်္ဂလန် အသင်းဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့ ၁၉၆၆ ပြိုင်ပွဲမှာသာ ကမ္ဘာ့ဖလားကို တစ်ကြိမ်တည်း ဗိုလ်စွဲခဲ့ဖူးပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား အုပ်စုအဖွင့် ပွဲစဉ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လူစားမလဲခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ပေါ်တူဂီအသင်း မန်နေဂျာက ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

မြွေအန္တရာယ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ဖော်ဝန်ခံတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘောလုံးအသင်း အရေအတွက်က တိုးလာနေပါတယ်။

နိုင်ငံတကာ

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ တစ်ပွဲတည်း သုံးဂိုးသွင်းတဲ့ Hat-trick ပိုင်ရှင် ပထမဆုံး ကစားသမား ဖြစ်လာသလို ကမ္ဘာ့ဖလား ပြိုင်ပွဲတွေရဲ့ ထာဝရ သွင်းဂိုးအများဆုံး စံချိန်ကိုလည်း လိုက်မီလာပြီ ဖြစ်ပါတယ်။

အတွေးအမြင်

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်​ပေါင်း ၆၀ ​ကျော်တိုင် ဘယ်အသင်းမှာ မဖြတ်​ကျော်နိုင်တဲ့ ကျိန်စာတစ်ခုရှိ​နေပါတယ်။ ဘရာဇီးအသင်းနှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တဲ့ ၁၉၆၂ ​နောက်ပိုင်းကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ဆက် ဘယ်အသင်းမှ ​အောင်ပွဲမခံနိုင်ပါဘူး။