Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်မှာ သေမင်းဝတ်စုံဝတ်ပြီး ဆေးရုံခေါင်မိုးပေါ် တက်နေခဲ့တဲ့ အမျိုးသား ဒဏ်ငွေအရိုက်ခံရ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

ဓာတ်ပုံ - Wales News Service

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

အစက် ၂၆ နှစ်အရွယ် လီယွန် ဂီလက်စပီဟာ ဇွန်လ ၆ ရက်နေ့တုန်းက ဝေးလ်စ်ပြည်နယ်၊ ဒန်ဘစ်ရှိုင်းယားမှာရှိတဲ့ စိန့်အက်စ်ဖာမြို့က ဂလန်းကလော့ဒ် ဆေးရုံ အမိုးပေါ်ကို သေမင်းဝတ်ရုံကြီး ခြုံပြီး တက်သွားခဲ့တဲ့နောက် အောက်ဖက်မှာ ရှိနေတဲ့ ဝန်ထမ်းတွေ၊ ဧည့်သည်တွေကို စိုက်ကြည့်နေခဲ့ပါတယ်။

လက်ထဲမှာ တစ်ခုခု ကိုင်ထားတယ်လို့ ယူဆရပြီး အနက်ရောင် ခြုံထည်ကြီး ဝတ်ထားတဲ့ ဂီလက်စပီဟာ ဆေးရုံ အမိုးထက်က ဝရန်တာမှာ ရပ်ရင်း အောက်ဖက်ကို ငြိမ်ငြိမ်သက်သက် စိုက်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကျောချမ်းစရာ မြင်ကွင်းကို သတိပြုမိသွားတဲ့နောက် ဆေးရုံ ဝန်ထမ်းတွေက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ နောက်တော့ ရဲတွေနဲ့ မီးသတ်ဝန်ထမ်းတွေက ဆေးရုံ အမိုးပေါ်တက်ပြီး ဂီလက်စပီကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ကို မဖမ်းနိုင်ခင် မိနစ် ၅၀ လောက်ကြာအောင် လူတွေ အထိတ်တလန့် ဖြစ်နေခဲ့တယ်လို့ ဝေးလ်စ်မြောက်ပိုင်းဒေသ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ သူ့ကို ကြီးကြီးမားမား စွဲချက်တင်စရာ ပြစ်မှု မရှိဘဲ ဖြစ်နေခဲ့ပါတယ်။ ဂီလက်စပီက ဘယ်သူ့ကိုမှ အန္တရာယ် မပေးခဲ့သလို ဘယ်လို ရန်လိုမှုမျိုးကိုမှလည်း မပြသခဲ့တာကြောင့်ပါ။ နောက်ဆုံးမှာတော့ သူက ကျန်းမာရေး ဝန်ဆောင်မှု ဌာနတစ်ခုမှာ လူအများ အထိတ်တလန့်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ကြံဆောင်ခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။

အဲဒီ အမှုကို ဇူလိုင်လလယ်မှာ တရားရုံးတင် စစ်ဆေးခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့မှာတော့ တရားရုံးက ဂီလက်စပီကို ဒဏ်ငွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဂီလက်စပီဟာ ဘာကြောင့် သေမင်းဝတ်စုံကြီး ဝတ်ပြီး ဆေးရုံခေါင်မိုးပေါ် တက်သွားသလဲ ဆိုတာကိုတော့ တရားရုံးဖက်က မှတ်ချက် မပေးခဲ့ပါဘူး။

မျက်မြင်တွေကတော့ ဂီလက်စပီ ဝတ်ခဲ့တဲ့ သေမင်းဝတ်စုံဟာ ကျီးကန်းကြီး တစ်ကောင်နဲ့ ဆင်တူတယ်လို့ ပြောပါတယ်။ ဒေသခံ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းတွေကတော့ ဆေးရုံတွေမှာ တမင်တကာ အထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်တဲ့ ကိစ္စမျိုးက ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

သူဟာ မတ်လကုန်လောက်တုန်းကလည်း အိမ်မွေး တိရစ္ဆာန် အရောင်းဆိုင် တစ်ခုကနေ ကြောင်စာနဲ့ ကြောင်အိမ်သာသုံး သဲတွေ၊ မေလကုန်တုန်းကလည်း စတိုးတစ်ခုက အစားအသောက်နဲ့ ဖျော်ရည်တွေ ခိုးယူခဲ့ဖူးကြောင်း ရဲတွေဆီမှာ ဝန်ခံခဲ့ပါတယ်။

တရားရုံး စီရင်ချက်မှာတော့ အဲဒီ ပြစ်မှုဟောင်း တစ်ခုစီအတွက် ဒဏ်ကြေး စတာလင်ပေါင် ၁၀၀ စီ၊ ထိခိုက်နစ်နာမှုတွေအတွက် စတာလင်ပေါင် ၅၀၊ ဆေးရုံကို အနှောင့်အယှက် ပေးခဲ့တဲ့အတွက် စတာလင်ပေါင် ၂၀၀ ချမှတ်ခဲ့တာကြောင့် သူဟာ စုစုပေါင်း စတာလင်ပေါင် ၄၅၀ ထိ ဒဏ်ကြေး ပေးဆောင်ခဲ့ရကြောင်း သိရပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် အားပေး ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။