Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATOကို အကဲစမ်းဖို့ အကန့်အသတ်နဲ့ တိုက်ခိုက်မှုမျိုး ရုရှား လုပ်လာနိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေး ယူဆ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - Getty Images

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

ရုရှားဟာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုခုကို ကန့်သတ်စစ်ပွဲ ဆင်နွှဲပြီး အနောက်မဟာမိတ် နိုင်ငံတွေဖက်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ဆန်းစစ်လာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေကို လေ့လာခွင့် ရခဲ့သူ သတင်းရင်းမြစ် ၃ ဦးက ပြောကြားခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုမျိုးဟာ လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ဖြစ်လာနိုင်ခြေ ရှိနေသလို ဆိုက်ဘာနည်းလမ်းတွေနဲ့ ရန်လို ထိုးနှက်တာမျိုးဖြစ်စေ၊ ပိုင်နက်နယ်မြေထဲ အသေးစား ကျူးကျော်တာမျိုးဖြစ်စေ တစ်နည်းနည်းကို အသုံးပြုပြီး NATO ပဋိညာဉ် ပုဒ်မ ၅ အပေါ် အဖွဲ့ဝင် နိုင်ငံတွေ တကယ်ပဲ လိုက်နာသလား ဆိုတာကို အကဲစမ်းလာနိုင်တယ်လို့ ဆိုပါတယ်။

NATO ပဋိညာဉ် ပုဒ်မ ၅ ဆိုတာက အဖွဲ့ဝင် နိုင်ငံတစ်ခု စစ်ပြုတိုက်ခိုက် ခံရရင် NATO တစ်ဖွဲ့လုံး တိုက်ခိုက်ခံရတယ်လို့ မှတ်ယူပြီး စုပေါင်း တုံ့ပြန်ကြဖို့ ကတိမျိုး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား သမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ဘယ်လိုနည်းလမ်းမျိုးကို အသုံးပြုပြီး NATOကို အကဲစမ်းလာမလဲ ဆိုတာကိုတော့ ထောက်လှမ်းရေး ဆန်းစစ်ချက်မှာ အတိအကျ ဖော်ပြမထားပါဘူး။ ဒါပေမဲ့ သတင်းရင်းမြစ်တွေထဲက တစ်ဦးကတော့ ပိုလန်၊ ဒါမှမဟုတ် ဘောလ်တစ်ဒေသတွင်း နိုင်ငံတစ်ခုခုကို ရုရှားက တိုက်ခိုက်လာနိုင်ခြေ ရှိတယ်လို့ အလွတ်သဘော သုံးသပ်ခဲ့ပါတယ်။

အထူးသဖြင့် ယူကရိန်း စစ်ပွဲရဲ့ အဆုံးသတ် ရလဒ်ဟာ သူ့အတွက် မျက်နှာပျက်စရာ၊ သိက္ခာကျစရာ ဖြစ်ခဲ့ရင် NATOဖက်ကို ပူတင်က မြားဦးလှည့်လာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေးက ယုံကြည်နေပါတယ်။

NATOရဲ့ စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ မာတင် အိုဒေါ်နဲလ်က အဲဒီ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေအပေါ် တိုက်ရိုက်ဖြေကြားဖို့ ငြင်းဆန်ခဲ့ပေမယ့် NATOဟာ ဖြစ်နိုင်ခြေ အားလုံးကို ကြိုတင်တွေးတော ပြင်ဆင်ထားကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

NATOက အရာရာကို စောင့်ကြည့်နေပြီး လိုအပ်သလို ကာကွယ်ဖို့၊ တွန်းလှန်ဖို့ အသင့်ရှိနေကြောင်း၊ အမြဲတမ်းလည်း အဲဒီလို အခြေအနေနဲ့ ရပ်တည်ခဲ့ကြောင်း သူက ဆိုပါတယ်။

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး NATO ပိုင်နက်ထဲကို ရုရှားရဲ့ ခဲယမ်းလက်နက်တွေ ကျူးကျော် ရောက်ရှိတာမျိုး ဖြစ်စဉ်တွေကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ပိုမို ကြုံတွေ့လာပါတယ်။ မေလတုန်းက ယူကရိန်း ပိုင်နက်နားက ရိုမေးနီးယား မြို့တစ်မြို့ကို ဒရုန်းတစ်စီး ပျက်ကျပြီး လူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ မနှစ်က စက်တင်ဘာလတုန်းကတော့ ယူကရိန်းမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ပိုလန်လေပိုင်နက်ထဲထိ နယ်ကျော် ဝင်ရောက်လာတဲ့ ရုရှားဒရုန်းတွေကို NATOတိုက်လေယာဉ်တွေက ပစ်ချခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။