Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“အနမ်းရယ် တော်လှန်ရေးရယ် တော်လှန်ရေးသမားတယောက်ကိုမှ ချစ်ခဲ့မိတဲ့ မမနီရယ်”

■ လွန်းညီ

(၁)

အနမ်းဟာ နှစ် နှစ်ဆယ့်တသန်းရှိခဲ့ပြီလို့ သိပ္ပံ ပညာရှင်တွေ ဖော်ထုတ်ကြသတဲ့။ မောင်တို့ အနမ်းဟာ ဘယ်လောက်ကြာခဲ့ပြီလဲ မမနီ။ အခုတော့ လေးကျော့ပြန် အာဏာသိမ်းအပြီး ‌ခြောက်နှစ်ထဲရောက်ခဲ့ပါပြီ။ မောင့်ကို နမ်းမိတာ ရက်ပေါင်းတရာ့ငါးဆယ်သာသာပါ။ စပါးပင်တွေက ရေအသောက်ဆုံးသီးနှံဆိုရင် မေတ္တာတွေကို ငတ်မွတ်နေသူ လူသားတယောက်ဟာ မမနီရဲ့မောင် ပေါ့။ သဝန်တိုခြင်းတွေ မပေါ်ခင်က ဗာရာဏသီပြည်ကြီးလည်း မရှိသေးဘူးဆိုရင် ပန်းသီးတွေ မြေပေါ်ကြွေတာကိုလည်း ဂရုမစိုက်တတ်သေးဘူး။ တခါတလေ လူတွေဟာ ကိုယ်နဲ့မသက်ဆိုင်တဲ့ အရာတွေကြောင့် အလုပ်တွေ ထပ်ရှုပ်ကြရတယ်မလား။

( ၂ )

Public Service Announcement

Public Service Announcement

ရွှေတကျပ်သား သိန်းတရာပြည့်တော့မည်။ အဲ့ဒီသတင်းနဲ့ပတ်သက်လို့ ကျနော်တော့ စိတ်ညစ်စရာတွေ ထပ်မရှိခဲ့လို့ စိတ်ညစ်နေမိတယ်။ ရွှေဆိုင်တွေ လူကြိတ်ကြိတ်တိုးနေတဲ့ထဲ ကျနော်မပါဘူး။ ဘဏ်တွေရှေ့ ငွေထုတ်ဖို့တန်းစီနေတဲ့ လူအုပ်ကြီးထဲ ကျနော်မရှိဘူး။ ကျနော်တို့ လူ‌ငယ်တွေ လူအုပ်ကြီးရဲ့ရှေ့မှာ အလံအလက်တွေနဲ့ ရှိခဲ့ကြတာကို သတိရတယ်။ ကျနော့်မှာတော့ တခါတလေ အမှတ်တရတွေကို မှတ်မိနေတတ်ပါတယ် မမနီ။ ရွှေဈေးတွေ ဈေးကြီးလာတာ မဆိုင်သလိုနေနိုင်ခဲ့ပေမယ့် အရက်ဈေးတွေကြည့်ရင်း မသောက်ဘဲမူးရတဲ့ ခေါင်းတွေကို ရိုက်ခွဲပစ်ချင်တယ်။ စိတ်ညစ်လို့ အရက်သောက်ဖို့တောင် အရက်သောက်ဖို့ ငွေမရှိလို့ စိတ်ပြန်ညစ်ရတဲ့ အသက်နှစ်ဆယ်ကျော်အရွယ်တွေ များလာတယ်။

လမ်းပေါ်မှာ လမ်းပြင်ပြ‌ကြောင်း အသိပေးရင်း တောင်းရမ်းမှုတွေများလာတယ်။ ပြီးတော့ အသည်းကွဲနေတဲ့ အိမ်ထောင်သည်တွေလည်း များလာခဲ့တယ် မမနီ။ ဘာလို့လဲဟင်။ နွေးထွေးမှုလား၊ ငွေလား။ ခေတ်လား၊ စစ်လား၊ ချစ်မေတ္တာလား။ မပြည့်စုံခြင်းတရားဆိုပေမယ့် ဝေးကွာခြင်းတွေက နည်းလမ်းမမှန်ပါ။ မမနီရဲ့ကောင်လေးတယောက်ဟာ ဆိုရှယ်ဒီမိုကရက်တယောက်ပေါ့။ ဒါပေမယ့်လေ လေပေါ်မှာလွင့်နေတဲ့ တိမ်တွေကရော ကြည်လင်နေတဲ့ စားဝတ်နေရေးအတွက် ပြေလည်အောင် ဖန်တီးနိုင်ကြပြီလား။ မမျှတတဲ့ ကုန်သွယ်ရေးကြောင့် ကူးလူးဆက်ဆံမှုတွေ ခက်ခဲရသတဲ့။ မမနီရင်ခွင်ကို ပြန်လည်ခိုဝင်ဖို့ အချိန်တွေကို ‌စောင့်ဆိုင်းနေရတာ ပင်ပန်းလှပါတယ် ‌မမနီရယ်။

(၃)

မစင်ကို ဆေးအဖြစ် အသုံးပြုကြတဲ့သတင်း မမနီ ဖတ်လိုက်မိလား။ ဘဝမှာ အသုံးမဝင်တဲ့အရာဆိုလို့ အိမ်ပြန်လမ်းကိုလှမ်းဖို့ပြင်ဆင်နေတဲ့ မောင့်ရဲ့ခြေထောက်တွေပဲ ရှိလိမ့်မယ်။ ကားတစီးဟာ မိသားစုတခုကို တင်ပြီး မြစ်တစင်းပေါ်မှာပဲ မြို့တမြို့စာလောက် သယ်ဆောင်နေတဲ့ စက်လှေတွေရော စိတ်ပင်ပန်းနေမလား မမနီ။ စစ်နိုင်ရင် အားလုံးနိုင်မလား မသိပေမယ့် စစ်ရှုံးခဲ့ရင်တော့ အားလုံးဆုံးရှုံးရတာပဲ မဟုတ်လား။ မမနီနဲ့ကျနော်ကတော့ အသံတွေ တိမ်ဝင်တဲ့အထိ လေးနက်စွာ နမ်းမိတာပါပဲ။ အဲ့ဒီနောက်ထပ်ရက်ပိုင်းတခုရဲ့ ခရီးအသွားမှာ ဖြတ်သန်းမောင်းနှင်လို့ရခဲ့တဲ့ မြို့တမြို့လေ၊ အပြန်လမ်းမှာတော့ အဲ့ဒီမြို့ကို ကွေကွင်းခဲ့ရတာပေါ့။ မြို့ထဲကို ရန်သူတွေ ပြန်ရောက်နေပြီမို့လေ။ အို သိပ်ခက်ပါတယ် မမနီရယ်။ မချစ်သော်လည်း အောင့်ကာနမ်းနေမိပြီလား။

(၄)

လကွယ် ညတညက ကျနော်သဘောကျတဲ့ ပိုးစုန်းကြူးလေး တွေအကြောင်းပြောပြတာကို မမနီ သတိထားမိသလား။ ပိုးစုန်းကြူးလေးတွေကို မြင်တွေ့ရမှာက ကျနော်တို့ကနောက်ဆုံး မျိုးဆက်ဆိုရင် ဒီတော်လှန်ရေးကာလမှာ မမနီကို အချစ်ဆုံးတယောက်က ကျနော်ပဲ ဖြစ်မှာ။ တခါတလေ ရှုပ်ရှုပ်ထွေးထွေးလူတွေကြားထဲမှာပဲ အမှတ်မရှိ ချစ်မိသလိုမဖြစ်ပါနဲ့ မမနီ။ အကြွေးတောင်းတတ်တဲ့သူက အကြွေးပိုရသတဲ့။ သဘောထားကြီးသူကို အနိုင်ကျင့်ချင်ကြသူတွေ ဆက်ရှိနေဆဲ လူ့အဖွဲ့အစည်းမှာ လိုတာထက်ပိုပြောတတ်မှ အလုပ်ပိုဖြစ်မယ်လို့ ထင်နေတတ်တဲ့လူတွေလည်း ရှိနေတတ်တယ်။ ဟန်တွေ၊ အမူအရာတွေ၊ ရာထူး၊ ဂုဏ်ဒြပ်တွေက လွယ်ကူပါတယ်။ ရိုးသားခြင်းကို ရှာဖွေဖို့ ကျနော် လှေကား ဘယ်နှထစ် ဆင်းခဲ့ရမလဲ မမနီ။ ကျနော်ဟာ နိုင်ငံရေးအရ လူပျို ပြန်မဖြစ်နိုင်တော့ပါဘူး။ ကျနော်လိုချင်တာကတော့ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်”ဆိုသလိုပေါ့ “တိုက်ပွဲရယ်၊ ငြိမ်းချမ်းရေးရယ်၊ မမနီရယ်”။

(၅)

အတိုင်ပင်ခံကောင်စီ များစွာရှိတဲ့ တိုင်းပြည်မှာ စိတ်ညစ်စရာ ကိစ္စရှိတိုင်း မမနီကို တိုင်ပင်ချင်တယ်။ ချစ်ခင်ရသူတွေက စစ်ဘုရင်ဖြစ်လာမှာကို မမြင်ချင်ဘူး။ သုံးပွင့်ဆိုင်အချစ်ကြောင့် ဘုံဆိုင်လေးကို မေ့သွားကြပြန်တယ်။ အို သုံးပွင့်ဆိုင် စစ်ဆိုရင်တော့ အမြတ်ထွက်သူက ရန်သူ အရှုံးဟာ ပြည်သူပေါ့။ မမနီရယ် ကျနော်တို့ မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရတဲ့အချိန် စေတီတွေ ကျန်ပါဦးမလား။

ဟင်္သာကိုးသောင်းပုံပြင်ကို ရုပ်ရှင်တွေ ရိုက်ကြတော့မယ်။ မြေအောက် ဆေးရုံ၊ မြေအောက်စာသင်ကျောင်း၊ မြေအောက် ဟိုတယ်၊ ရန်သူ့အန္တရာယ်နဲ့ သစ်ပင်အောက်မှာပဲ လွတ်လွတ်လပ်လပ် ချစ်လိုက်ချင်တယ်။ အို ဖြစ်ချင်တာတွေ ဖြစ်ပါစေတော့မမနီ။ အနမ်းရယ် တော်လှန်ရေးရယ် ပိုင်ဆိုင်ခဲ့တဲ့ တော်လှန်ရေးသမားတယောက်ကတော့ မမနီ ပြုံးရယ်နေတာပဲ ‌မြင်နေချင်တော့တယ်။ အခုလို လွမ်းဆွတ်ရာသီကို ကြေကွဲစွာ မကျော်လွန်မီပေါ့လေ။

-အညာဒေသတနေရာ

-၂၀၂၆နှစ်ဦးကာလ

ကိုးကားသတင်း-ဓါတ်ပုံများ

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’လွန်းညီ’

ရေးဖွဲ့တဲ့ ““အနမ်းရယ် တော်လှန်ရေးရယ် တော်လှန်ရေးသမားတယောက်ကိုမှ ချစ်ခဲ့မိတဲ့

မမနီရယ်” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ Public Service Announcement (The Call...

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

Facebook