Connect with us

Hi, what are you looking for?

ကဗျာ

‘နှင်း‌တွေကျပြီးတဲ့နောက် လမ်းရဲ့တိတ်ဆိတ်ပုံမျိုးနဲ့သာ ရှင်သန်ခဲ့…’

လူတယောက် တွေ့ကြုံခံစားရသမျှဟာ သူ့ရဲ့ ကမ္ဘာအတုပဲ။ ဘုရားသခင်က စိတ်ကူးကိုဖန်ဆင်းတယ်။ လူသားက လွတ်လပ်မှုကို လိုက်ရှာတယ်။

လူတယောက် တွေ့ကြုံခံစားရသမျှဟာ သူ့ရဲ့ ကမ္ဘာအတုပဲ။ ဘုရားသခင်က စိတ်ကူးကိုဖန်ဆင်းတယ်။ လူသားက လွတ်လပ်မှုကို လိုက်ရှာတယ်။

■ သက်ငြိမ် (Rebel)

(က)

လူတယောက် တွေ့ကြုံခံစားရသမျှဟာ သူ့ရဲ့ ကမ္ဘာအတုပဲ။ ဘုရားသခင်က စိတ်ကူးကိုဖန်ဆင်းတယ်။ လူသားက လွတ်လပ်မှုကို လိုက်ရှာတယ်။ ရွက်‌ကြွေတွေကို လှဲကျင်းပြီးတဲ့အချိန် မြေပြင်ရဲ့ သပ်ရပ်နေပုံဟာ ရယ်စရာမကောင်းဘူးလား။ မြေသင်းရနံ့လို စွတ်စိုနေခဲ့တဲ့အကြောင်း ပြန်တွေးမိတော့လည်း ဖုန်မှုန့်တွေနဲ့ သဲမုန်တိုင်းပဲ။ ဖြစ်နိုင်ရင် ‌မီးတောင်ပေါက်၀တခုရဲ့ တည်ငြိမ်မှုနဲ့အတူ လွင့်ပါး​နေရမှာ။ အဲဒီမှာ ရွက်ကြွေတွေ၊ ပြန်မသွားချင်တဲ့ လမ်းကြိုလမ်းကြားတွေ၊ ပြီးတော့ ပင့်ကူတွေ။

(ခ)

Public Service Announcement

Public Service Announcement

သိဟောင်းကျွမ်းဟောင်း မိတ်ဆွေတချို့ကို ငါမမှတ်မိတာကြာပြီ။ မှတ်ဉာဏ်ဆိုတာက အမြဲစီးဆင်းနေတဲ့ ရေပဲ။ ဘယ်လောက်ခမ်းခမ်း ကုန်မသွားဘူး။ တနေကုန် ထိုင်စောင့်ပြန်တော့လည်း ဒီအဖြစ်အပျက်တွေပဲ မျောလာမယ်။ ဒါတောင် တူးထုတ်ထားတဲ့ မြစ်ဝကျွန်းပေါ် ရဲ့ စိမ်းစိုနေတဲ့ အိမ်ကလေး မပါသေးဘူး။ လက်နှစ်ဖက်ကို ဆန့်တန်းပြီး အရူးတယောက်လို ပြေး၀င်သွားရင် ခြောက်အိပ်မက်ကြီးထဲ ပြန်ရောက်တယ်။

(ဂ)

အပြင်မှာ အရိပ်တွေက ပုံစံမျိုးစုံနဲ့ ကခုန်နေကြတယ်။ လူသားဟာ လွတ်လပ်တယ်။ ကမ္ဘာမြေဟာ လွတ်လပ်တယ်။ ကောင်းကင်ဟာ လွတ်လပ်တယ်။ သစ်ပင်တွေဟာ လွတ်လပ်တယ်။ လွတ်လပ်ခြင်းအတွက် ကခုန်ကြရအောင်။ ညမီးပုံပွဲပြီးတဲ့အခါ တဖျစ်ဖျစ်မြည်တဲ့အသံကို စကြားရလိမ့်မယ်။ အသက်ရှင်သန်မှုကို အသေးငယ်ဆုံးထိ မြင်ယောင်ကြည့်ပြီး ငြိမ်နေလိုက်ရင်တောင် ဒါဟာ ဟိုး…အတွင်းထဲကလာတယ်ဆိုတာကို သတိမထားမိဘဲနေနိုင်မှာ မဟုတ်ဘူး။

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

အချိန်တွေ အပိုင်းအဖြတ်နဲ့ ဖြတ်ကျော်နေရင်း တယောက်ယောက်ကို စောင့်စားရတဲ့ ချိုမြိန်မှုဟာ နှလုံးသားကို ငြိမ်းအေးစေတယ်။ ပီတိဖြစ်စေတယ်။ မျက်စပစ်ပြီး လူတယောက်ကို ဘဝထဲ ခေါ်လာခဲ့ကြတာတော့ မဟုတ်ခဲ့ပါဘူး။ ကဗျာတွေရေးရင်း အမှန်တရားဆီ သွားနေရင်း နှလုံးသားရဲ့ ရင်ခုန်မှုကို လိုက်လျောခဲ့လိုက်ပါတယ်။

ရသစာတမ်းငယ်

“တကယ်တော့ ဒီကျောပိုးအိတ်ကလေးက ကျမ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရတော့မယ့်အချိန်၊ ကျမအမေက ဝယ်ပေးခဲ့တာ” လို့ အိတ်ကလေးကိုကြည့်ရင်း ကျမ သူ့ကိုပြောလိုက်တယ်။ ပြောလက်စ စကားနဲ့လည်း မဆက်စပ်ပါဘူးလေ။

ဝတ္ထုတို

အဆင်မပြေတာတွေ များလှပြီ။ ရက်ဆက် တိုက်ပွဲအရှိန်ကြောင့် လူပင်ပန်းမှုက ဘာမှ အရေးမကြီးသော်လည်း ကျဆုံးရဲဘော်တွေ အရေးက တအုံနွေးနွေး ဖြစ်လှ၏။ ဆန်ရင်း နာနာဖွတ်ဆိုသလို ဘေးနားမှာရှိတဲ့ ပ.က.ဖ ခေါင်းဆောင်ကိုပဲ မာန်မဲကြိမ်းမောင်းရန် စိတ်ကူးမိသည်။ အတွေးထဲတင် ဖြစ်ပေါ်လာပြီး စကားလုံးတွေ ဒေါသတွေက အသံအဖြစ် ရောက်မလာတော့ပါ။

ကဗျာ

လူတွေဟာ အချစ်နဲ့တွေ့ရင် နုပျိုသွားတတ်ကြပြီး စစ်နဲ့တွေ့ရင်တော့ ရင့်ရော်သွားတတ်ကြပါတယ် အမြဲတမ်းညို့ဆိုင်းနေတတ်တဲ့ ရာသီမှာ အပြာရောင်ကောင်းကင်ထဲက ကြယ်ဖြူလေးကို မက်မက်မောမော ရှာဖွေကြည့်မိတာ အပြစ်ဆိုစရာ မဟုတ်ကြောင်းပါ မေရီဆိုင်းနွယ်။

Facebook