Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းမှုကို ညီညွတ်စွာဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ကြိုးပမ်းအားထုတ်မှုတို့ကို မြန်မာသံအမတ်ကြီး ချီးကျူးဂုဏ်ပြု

ဒါ့အပြင် စစ်တပ်ဆီကို ငွေကြေးစီးဆင်းမှုမရှိစေရေးအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာကို စည်းရုံးလုပ်ဆောင်ဖို့၊ လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူတွေဆီကို နယ်စပ်ကတစ်ဆင့် အပါအဝင် အကူအညီပေးအပ်နိုင်တဲ့နည်းလမ်းအားလုံးနဲ့ ကူညီပံ့ပိုးပေးဖို့လည်း တောင်းဆိုပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို တညီတညွတ်တည်းဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ကြိုးပမ်းအား ထုတ်မှုတို့ကို ချီးကျူးဂုဏ်ပြုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ကမ္ဘာတဝန်းဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့ IRI က ပေးအပ်ချီးမြှင့်တဲ့ ၂၀၂၁ ခုနှစ်လွတ်လပ်ခွင့်ဆု(John McCain Freedom Award)လက်ခံရယူတဲ့အခမ်းအနားမှာ သံအမတ်ကြီးဦးကျော် မိုးထွန်းက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး မြန်မာပြည်သူတွေဟာ တရားမျှတမှု၊ ဓမ္မအတွက် တိုက်ပွဲဝင်နေကြတာဖြစ်ကြောင်းနဲ့ ဓမ္မသည်သာအောင်နိုင်မှာဖြစ်ကြောင်း ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအဆုံးသတ်ရေးနဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနဲ့ ပြည်သူ များအားလုံး စည်းလုံးညီညွတ်စွာအတူတကွလက်တွဲဆောင်ရွက်ရမှာဖြစ်တယ်လို့ သံအမတ်ကြီး ပြောပါတယ်။

အဲဒီလိုကြိုးပမ်းဆောင်ရွက်ရာမှာ ဒီမိုကရေစီမိတ်ဆွေနိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ ကူညီအားပေးမှုကို လို အပ်ပြီး နိုင်ငံရေး၊ သံတမန်ရေးနဲ့ ငွေကြေးအရ ဆက်လက်ကူညီအားပေးဖို့၊ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုအားပေးထောက်ခံဖို့ သံအမတ်ကြီးက တောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်ဆီကို ငွေကြေးစီးဆင်းမှုမရှိစေရေးအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာကို စည်းရုံးလုပ်ဆောင်ဖို့၊ လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူတွေဆီကို နယ်စပ်ကတစ်ဆင့် အပါအဝင် အကူအညီပေးအပ်နိုင်တဲ့နည်းလမ်းအားလုံးနဲ့ ကူညီပံ့ပိုးပေးဖို့လည်း တောင်းဆိုပါတယ်။

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပမှာ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထပ်လောင်း ကတိပြုပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Facebook