Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို စစ်ကောင်စီတပ် ယနေ့ မီးထပ်ရှို့၍ နေအိမ် ၃၀ကျော်မီးလောင်

ချင်းပြည်နယ် မင်းတပ်မြို့ရှိ ပြည်သူများ​၏ နေအိမ်များကို စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာ ၁ရက်တွင် ထပ်မံ မီးရှို့ခဲ့ရာနေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။

မင်းတပ်မြို့ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ရှိ ပြည်သူများ​၏ နေအိမ်များကို စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာ ၁ရက်တွင် ထပ်မံ မီးရှို့ခဲ့ရာနေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။

မင်းတပ်မြို့ အနောက်ရပ်ကွက် ဘုရင့်နောင် လမ်းခွမှစ၍ မင်းတပ်- မတူပီ ကားလမ်းမတလျှောက်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း၊ စစ်ကောင်စီတပ် ခလရ(၂၇၄) တပ်ရင်းမှ စစ်ကောင်စီတပ်သားများက ဆိုင်ကယ် ၃စီးဖြင့် ဓာတ်ဆီများ သယ်ဆောင်ကာ တစ်အိမ်တက်ဆင်းမီးရှို့ခဲ့ရာ နေအိမ် ၃၀ကျော် မီးလောင်ခဲ့ကြောင်း ဒေသခံက ဆိုသည်။

Public Service Announcement

Public Service Announcement

” သူတို့ မြင်ကွင်းကွယ်တာတွေကို လိုက်ရှို့နေတာလို့ မြင်ပါတယ်”ဟု မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ခလရ(၂၇၄)တပ်ရင်း အပါအဝင် ၎င်းတို့ တပ်စွဲထားသည့် နေရာများ အနီးဝန်းကျင်ရှိ နေအိမ်များကို မီးရှို့မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

မီးငြှိမ်းသတ်ရန်လာသည့် ဒေသခံပြည်သူများကို စစ်ကောင်စီက ပစ်ခတ်၍ အနားကပ်နိုင်ခြင်းမရှိဟုလည်း ဒေသခံက အသိပေးထားသည်။

ချင်းဒေသကာကွယ်ရေးတပ်(CDF) – မင်းတပ်၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သည် မင်းတပ်မြို့ရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ခဲ့ရာ ဩဂုတ်တွင် နေအိမ် ၆လုံး၊ စက်တင်ဘာတွင် ၆ကြိမ်မီးရှို့ပြီး နေအိမ်အလုံး ၃၀ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၁ရက်မှစ၍ စစ်ကောင်စီတပ်က မင်းတပ်မြို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးမှုများ ပိုလုပ်လာခြင်းဖြစ်သည်။

ထို့ပြင် မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်း၊ လေကြောင်းမှ ခလရ(၂၇၄)တပ်ရင်းသို့ လက်နက်ခဲယမ်းရိက္ခာဖြည့်တင်းခြင်းများပြုလုပ်ခဲ့ရာ ဩဂုတ်၊ စက်တင်ဘာ နှစ်လအတွင်းလေကြောင်း တိုက်ခိုက်မှု ၄၄ကြိမ်ရှိခဲ့ပြီး လေကြောင်းမှ လက်နက်ခဲယမ်းရိက္ခာချပေးမှု အကြိမ် ၅၀ကျော် ရှိခဲ့သည်ဟု CDF မင်းတပ်က စက်တင်ဘာ ၂၉ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။