Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်မှာ တောင်ကျရေစီးနဲ့ပါသွားတဲ့ အမျိုးသားရုပ်အလောင်းပြန်တွေ့

မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ဘိလပ်မြေစက်ရုံ အနီး မနေ့ အောက်တိုဘာ ၁ ရက် ညနေပိုင်း တောင်ကျရေစီးဆင်းချိန် ကားဖြတ်မောင်းရာမှာ ရေထဲ မျောပါပျောက်ဆုံးသွားတဲ့ အမျိုးသား ရုပ်အလောင်းကို ပြန်ရှာတွေ့ပါပြီ ။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ဘိလပ်မြေစက်ရုံ အနီး မနေ့ အောက်တိုဘာ ၁ ရက် ညနေပိုင်း တောင်ကျရေစီးဆင်းချိန် ကားဖြတ်မောင်းရာမှာ ရေထဲ မျောပါပျောက်ဆုံးသွားတဲ့ အမျိုးသား ရုပ်အလောင်းကို ပြန်ရှာတွေ့ပါပြီ ။

မိုးကြီးပြီး တောင်ကျချောင်းရေ စီးဆင်;နေချိန်မှာ အိမ်စီးကားနဲ့ ဖြတ်ကူးရာ ကားရော လူပါ ရေစီးနဲ့ မျောပါသွားတာပါ။

Public Service Announcement

Public Service Announcement

အဲဒီအမျိုးသားကိုလိုက်လံရှာဖွေရာမှာ ဒီမနက်ပိုင်း ၈ နာရီခန့်က အသက်သေဆုံးလျှက်ပြန်ရှာတွေ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး)ကနေ သိရပါတယ်။

ကားကို မျောပါသွားတဲ့ချောင်းထဲမှာ ညတွင်းချင်း ပြန်တွေ့ပေမယ့် ရုပ်အလောင်းကိုတော့ ဒီမနက်မှာ မှ ပြန်တွေ့တာပါ။

မျောပါသွားတဲ့ကားအမျိုးအစားဟာ တိုယိုတာ ပရိုဘောက်စ် အမျိုးအစား ဖြစ်ပြီ ကားတစ်စီးလုံးနီးပါးပျက်စီးသွားတယ်လို့သိရပါတယ်။

မနေ့အောက်တိုဘာလ ၁ ရက်က မန္တလေးတိုင်းထဲ နေရာအချို့မှာ နေရာကွက်ပြီး မိုးကြီးခဲ့လို့ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေဘေးတွေက လူသား‌တွေ အတွက် သတိပေးချက်တွေ ဖြစ်လာနေပါပြီ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီးသွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်နိုင်ခဲ့ပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

နေရာကွက်မိုးကြီးပြီး ကျေးရွာတချို့ရေနစ်မြုပ်ခဲ့တဲ့ ပုသိမ်-ချောင်းသာလမ်းပိုင်းမှာ တောင်ကျရေတိုက်စားလို့ နေအိမ်အချို့မျောပါသွားပြီး လူ ၁ဦး သေဆုံးခဲ့ပါတယ်။

Facebook