Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရန် နိုင်ငံတကာအား မြန်မာသံအမတ်ကြီး တောင်းဆို

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်အဝေးတွင် သံအမတ်ကြီး ဦး​ကျော်မိုးထွန်း​ပြောကြား​နေစဥ်။ ဓါတ်ပုံ- PMOMTTUN

ထားအိ/People’s Spring

စစ်တပ်ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

ယမန်နေ့(စက်တင်ဘာ ၄ရက်)တွင် ကျင်းပသော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်အဝေး၌ လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ စစ်တပ် အတုအယောင်ရွေးကောက်ပွဲသည် ပြဿနာကို ဖြေရှင်းနည်းမဟုတ်ဘဲ ပဋိပက္ခများကို ပိုမိုကြာမြင့်စေပြီး တိုက်ခိုက်မှုများကိုသာ တိုးပွားစေမည်ဖြစ်ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူများ၏ ရပ်တည်ချက်မှာ ခိုင်မာပြီး တော်လှန်ရေးအင်အားစုများက စစ်တပ်မှ ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို အသိပေးသည်။

ဒီမိုကရေစီအတွက် လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲများက အခြေခံကျသည်ဟု အလေးအနက်ထား ပြောကြားလိုကြောင်း၊ သို့ရာတွင် အာဏာသိမ်း စစ်တပ်မှ ပြင်ဆင်နေသော မည်သည့် ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတ၍ အားလုံး ပါဝင်မှုရှိသော ရွေးကောက်ပွဲ ဖြစ်နိုင်မည်မဟုတ်ကြောင်း ထပ်လောင်းအသိပေးသည်။

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်အဝေးတွင် သံအမတ်ကြီး ဦး​ကျော်မိုးထွန်း​ပြောကြား​နေစဥ်။ ဓါတ်ပုံ- PMOMTTUN

မြန်မာနိုင်ငံတွင် ပြည်သူများ ဒုက္ခခံစားနေရခြင်းနှင့် ဖြစ်ပေါ်နေသည့် အကျပ်အတည်းအတွက် အဓိက ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် ၎င်း၏ တရားမဝင် စစ်အာဏာ သိမ်းရန် ကြိုးပမ်းမှုတို့ပင်ဖြစ်သည်မှာ ရှင်းလင်းမြင်သာကြောင်း သံအမတ်ကြီးက ပြောသည်။

အဆိုပါ ဇစ်မြစ်ကို အပြီးတိုင် ချုပ်ငြိမ်းရန် လိုအပ်ပြီး ပြည်သူများအား လွန်စွာ ထိခိုက်စေသည့် ဇစ်မြစ်ကို ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ခိုင်မာသော အရေးယူ ဆောင်ရွက်ချက် များ ချမှတ်ကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းသည်။ မြန်မာပြည်သူများအနေဖြင့်မူ နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေး ကောင်စီအား မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးနိုင်ရန်အတွက် ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန်နှင့် စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေး စီးဆင်းမှု ရပ်တန့်ရန် အစဉ်တစိုက် တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

မြန်မာပြည်သူလူထုတစ်ရပ်လုံး အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် လူငယ်များက စစ်အာဏာရှင်စနစ်ဆိုးနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုဒဏ်များကို အများဆုံး ခါးစည်းခံနေရကြောင်း သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံများကို အစီရင်ခံသည်။

မတရား စစ်အာဏာသိမ်းချိန်မှအစပြု၍ ပြည်သူ ၅,၇၀၀ ကျော်မှာ စစ်တပ်၏ ရက်စက်စွာ သတ်

ဖြတ်ခြင်းကိုခံခဲ့ရပြီး လူဦးရေ ၃.၄ သန်းကျော်မှာ နေရပ်စွန့်ခွာနေရသည့်အပြင် ၁၈.၆ သန်း ကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အရေးတကြီး လိုအပ်လျက်ရှိကြောင်း အထက်ပါအစည်းအဝေး၌ ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook