Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် အာဆီယံ ညီလာခံ တက်ရောက်မယ်လို့ အမေရိကန် အတည်ပြု

မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်း အပါအဝင် အရေးပါတဲ့ နိုင်ငံတကာ အခင်းအကျင်းတွေကို ဆွေးနွေးဖို့အတွက် အခုသီတင်းပတ် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေးကို အမေရိကန် အစိုးရ ကိုယ်စားပြုအဖြစ် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန် တက်ရောက်မယ်လို့ သိရပါတယ်။

မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်း အပါအဝင် အရေးပါတဲ့ နိုင်ငံတကာ အခင်းအကျင်းတွေကို ဆွေးနွေးဖို့အတွက် အခုသီတင်းပတ် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေးကို အမေရိကန် အစိုးရ ကိုယ်စားပြုအဖြစ် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန် တက်ရောက်မယ်လို့ သိရပါတယ်။

လာအိုနိုင်ငံရဲ့ မြို့တော် ဗီယန်ကျင်းမှာ အောက်တိုဘာ ၉ ရက်နေ့ကနေ စတင်ပြီး ၃ ရက်ကြာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ မြန်မာ့အရေးအပြင် ယူကရိန်း ပြည်တွင်းစစ်ကိစ္စ၊ တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ်ရဲ့ တာဝန်မဲ့ ပြုမူလုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အမေရိကန်ရဲ့ အရှေ့အာရှရေးရာ သံတမန် အရာရှိ တစ်ဦးက ပြောပါတယ်။

ဒန်နီရယ်လ် ခရစ်တန်ဘရင့်ခ်က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၊ သူ့ကိုယ်စား လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်တို့ဟာ အာဆီယံ ဒေသနဲ့ ပတ်သက်လို့ အပြည့်အဝ အာရုံ စူးစိုက်ထားဆဲဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

မူလက ဘလင်ကန်ဟာ သမ္မတ ဘိုင်ဒန်ရဲ့ ဂျာမနီနဲ့ အန်ဂိုလာ ခရီးစဉ်တွေမှာ လိုက်ပါသွားမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် နောက်တော့ ဟာရီကိန်း မီလ်တန် နောက်ဆက်တွဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အကြောင်းပြုပြီး ဘိုင်ဒန်က အဲဒီ ခရီးစဉ် နှစ်ခုကို ရွှေ့ဆိုင်းခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံမှာ ဘိုင်ဒန် ချဉ်းကပ်ဆွေးနွေးမယ့် အစီအစဉ် အသေးစိတ်ကိုတော့ ခရစ်တန်ဘလင့်ခ်က ထုတ်မပြောခဲ့ပါဘူး။ ဒါပေမဲ့ သူက အမေရိကန် အစိုးရဟာ အာဏာသိမ်း မြန်မာစစ်တပ်က ဦးဆောင် ကျင်းပဖို့ ကြံစည်နေတဲ့ ရွေးကောက်ပွဲ အခင်းအကျင်းနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်ကြောင်း အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုနဲ့ ရင်ကြားစေ့မှုတွေ မပေါ်ပေါက်လာသေးခင် ဒီကိစ္စက မဖြစ်သင့်ဘူးလို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။

နောက်ပြီး အာဏာသိမ်း စစ်တပ်က လူထုအပေါ် ရန်လို တိုက်ခိုက်မှုတွေကို လျှော့ချစေဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ ပြိုင်ဘက် ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆွေးနွေးဖို့ နိုင်ငံတကာ ဖိအားပေးမှုတွေကလည်း လက်ရှိအချိန်ထိ တိုးတက်မှု ဘာမှ မရှိသလောက်နီးပါး ဖြစ်နေဆဲလို့လည်း ခရစ်တန်ဘလင့်ခ်က ဆိုပါတယ်။

အာဆီယံ ဒေသတွင်းက မိတ်ဖက်တွေနဲ့ တွေ့ဆုံချိန်မှာ ဘလင်ကန်ဟာ မြန်မာ အာဏာသိမ်း စစ်တပ်အပေါ် ဖိအားပေးမှုတွေ စဉ်ဆက်မပြတ် ဆက်လုပ်ဖို့ လိုတယ်ဆိုတာ အလေးအနက် ထပ်မံ တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ပြီးတော့ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အစုအဖွဲ့ပေါင်းစုံကို ကိုယ်စားပြုတဲ့၊ ပြည့်စုံတဲ့ အနေအထား မဟုတ်ဘူးလို့ အမေရိကန်က ယုံကြည်ကြောင်း၊ အကျိုးဆက်အဖြစ် ပိုမို ရှုပ်ထွေးပြီး ရေရှည်ကြာညောင်းသွားမယ့် ပဋိပက္ခတွေဆီ ဦးတည်သွားနိုင်ကြောင်းလည်း ခရစ်တန်ဘလင့်ခ်က သတိပေးသွားပါတယ်။

မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အာဆီယံက အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်း မြန်မာစစ်တပ်က လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ အာဆီယံဟာ စစ်တပ်က စေလွှတ်တဲ့ ကိုယ်စားလှယ်တွေကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့် မပေးဘဲ သုံးနှစ်လောက် ပိတ်ပင်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဗီယန်ကျန်းမှာ ကျင်းပမယ့် အခုသီတင်းပတ် ညီလာခံမှာတော့ အဲဒီနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် ပြုသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းစစ်မှာ ဆက်တိုက် အခြေမလှမှုတွေ ကြုံနေပြီး ယိမ်းယိုင်လာတဲ့ မြန်မာစစ်တပ်က ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်လျော လက်ခံဖို့ စဉ်းစားလာတဲ့ အရိပ်အယောင်မျိုး ဖြစ်နိုင်ကြောင်း အရှေ့တောင်အာရှ သံတမန် အသိုက်အဝန်းမှာ သုံးသပ်မှုတွေ ရှိနေပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

Facebook