Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန်လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန် ခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ် တပ်ဖွဲ့(FPF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ​၏ မီးသတ်ရုံးပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - FPF

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန် ခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ် တပ်ဖွဲ့(FPF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၁ ရက် နံနက် ၅နာရီဝန်းကျင်က သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူရန် လောင်းလုံးမြို့နယ်မီးသတ်ရုံးသို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ထားဝယ်မြို့ကနေ သန်းခေါင်စာရင်းကောက်ဆင်းလာတဲ့စစ်ကြောင်းကို လောင်းလုံးမြို့ နယ်ထဲ စကစတွေက လမ်းကင်းထွက်ယူပေးတာပါဗျ။ အဲဒီအဖွဲ့ကို တိုက်ခိုက်ခဲ့တာ”ဟု ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့(FPF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်မီးသတ်ရုံးသည် ထားဝယ်-လောင်းလုံလမ်းပေါ်၌တည်ရှိပြီး ရုံးအပေါ်ထပ်နှင့် အောက်ထပ်တွင် အင်အား ၄၀ခန့်ဖြင့် နေရာယူထားရာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားသုံးဦး ပြင်းထန်ဒဏ်ရာရသွားပြီး သေဆုံးမှုရှိ၊မရှိ မသိသေးဟု ၎င်းကဆက် ပြောသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင်လည်း အောက်တိုဘာ ၁ ရက်နက သန်းခေါင်စာရင်းကောက်ယူရန် လုံခြုံရေးယူသည့်အဖွဲ့နှင့် စစ်ကောင်စီတပ်အထိုင်စခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်များအဖွဲ့များခွဲ၍ တိုက်ခိုက်ခဲ့​သေးသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများတွင် သန်းခေါင်းစာရင်းများလိုက်လံကောက်ယူနေပြီး မြို့ပေါ်တွင်လည်း တပ်အက်အားတိုးချဲ့ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။