Connect with us

Hi, what are you looking for?

သတင်း

သီပေါတိုက်ပွဲ ဟောင်ဝစ်ဇာအပါအဝင်လက်နက်မျိုးစုံ ၁၇၀ကျော်ရဟု TNLA အသိပေး

စစ်ကောင်စီ၏ အရပ်ဘက်ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၃ဦး သေဆုံး၊ ၈၀ ဒဏ်ရာရ

TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ(၂၃)ကို အောက်တိုဘာ ၁၃ ရက်တွင် သိမ်းနိုင်ခဲ့ပြီး မြို့နယ်တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ပြီး တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ကြီး၊ငယ်မျိုးစုံ ၁၇၀ကျော်ရရှိခဲ့ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

သီပေါမြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အတွင်း ဇူလိုင် ၂၀ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ (၂)လကျော်အကြာတွင် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

သီပေါမြို့သည် ပဉ္စမမြောက်အလုံးစုံထိန်းချုပ်နိုင်ခဲ့သည့် မြို့ဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်သည့် ဇွန်လ ၂၅ရက်မှ အောက်တိုဘာ ၁၃ရက်အတွင်း နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်ဟုလည်း TNLAက အသိပေးသည်။

တိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၇၄ လက်ထက်မနည်း သိမ်းရခဲ့ဟု အသိပေးသည်။

ထို့အပြင် မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိပြီးဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီ၏ သီပေါမြို့တပ်စခန်းကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက်ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ ၃၃ဦး သေဆုံးပြီး ၈၀ဦး ဒဏ်ရာရကာ စာသင်ကျောင်း(၂)ကျောင်းနှင့် လူနေအိမ် (၄၇)လုံး လေယာဉ်ဗုံးစ ထိမှန် မီးလောင်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီတပ်၏ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင်နေကြရသည့် ရဲမေ (၇၈)ဉီးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားခြင်းစာနာထောက်ထားသောအားဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဖော်ပြသည်။ TNLA အနေဖြင့် ခမရ(၅၀၄)နှင့် ခမရ(၅၀၃)မှ တပ်မိသားစုဝင် ၁၉၀ ကျော်ကို လူသားချင်းစာနာမှုအရ အောက်တိုဘာ၁၂ရက်တွင် လွှတ်ပေးခဲ့ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။