Connect with us

Hi, what are you looking for?

သတင်း

လျှပ်စစ်ကား(EV)အားသွင်းခ တိုးမြှင့်ကောက်ခံမည်ဟုဆို

လျှပ်စစ်ကား(EV) အားသွင်းခတိုးမြှင့်ကောက်ခံရန် စစ်ကောင်စီ၏ လျှပ်စစ်သုံးယာဥ်ပြေးဆွဲ အသုံးပြုရေးနှင့် အခြေခံ အဆောက်အအုံများအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီက ကြေညာသည်။

စစ်ခေါင်းဆောင် သမီးပိုင်ဆိုင်သော ရန်ကုန်မြို့ရှိ EV Charging station များအားတွေ့ရစဥ်။ ဓါတ်ပုံ-CJ

ရဲခေါင်/People’s Spring

လျှပ်စစ်ကား(EV) အားသွင်းခတိုးမြှင့်ကောက်ခံရန် စစ်ကောင်စီ၏ လျှပ်စစ်သုံးယာဥ်ပြေးဆွဲ အသုံးပြုရေးနှင့် အခြေခံ အဆောက်အအုံများအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီက ကြေညာသည်။

အောက်တိုဘာ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်စာအရ လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့်အညီ လျှပ်စစ်သုံးယာဥ် အားသွင်းခကိုလည်းသင့်လျော်သည့် နှုန်းထားဖြင့် ပြင်ဆင်တိုးမြှင့်ကောက်ခံနိုင်ရေးအတွက် တွက်ချက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Charging Station တည်ဆောက်နေသော ကုမ္ပဏီများနှင့် EV Taxi ပြေးဆွဲနေသော ကုမ္ပဏီများပါဝင်သည့် လျှပ်စစ်သုံးယာဥ် အားသွင်းခနှုန်းထားများ ပြင်ဆင်သတ်မှတ်နိုင်ရေးညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

EV ခရီးသည်တင်ယာဥ်နှင့် EV Taxi များအတွက် အားသွင်းခနှုန်းထားကို တစ်ယူနစ် ၇၀၀ ကျပ် နှင့် ကိုယ်ပိုင် EV ယာဥ်များအတွက် တစ်ယူနစ် ၇၅၀ကျပ် သတ်မှတ်ကြောင်း ဖော်ပြသည်။

“မီတာခ စတက်မယ်လို့ ကြေညာပြီးတဲ့နောက်မှာ စစ်ခေါင်းဆောင် သားနဲ့ သမီး ရဲ့ EV Charging Station တွေမှာအရင် တစ်ယူနစ် ၄၀၀ ကျပ် ကနေ ၁၀၀၀ ဖြစ်သွားတယ်။နောက်တစ်ခု က EV ယာဥ်အရောင်း အဝယ်အပေါ်ရိုက်ခက်မှု ဖြစ်သွားတယ်။အဲဒါကြောင့် တရားဝင်သတ်မှတ်ပေးဖို့ တောင်းဆိုလို့ ပြန်ပြီး ဆွေးနွေးကြတာ”ဟု မော်တော်ယာဥ် ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ခေါင်ဆောင်လက်ထက် ပြည်ပမှ မော်တော်ယာဥ်တင်သွင်းမှု ပိတ်လိုက်သော်လည်း လျှပ်စစ်ကား (EV)ကို အထူးကုန်စည်အဖြစ်သတ်မှတ်ကာ ၎င်း၏ သား သမီးများနှင့် ဆက်စပ်သူများကို တင်သွင်းခွင့်ပေး ခဲ့သည်။

“စျေးကွက်ထဲ ၂,၀၀၀ လောက်တော့ ရောက်နေပြီ။စာချုပ် ချုပ်ထားတွေအရ ဆိုရင်တော့ သောင်းဂဏန်း ရှိတယ်။အထူးသဖြင့်တော့ အောင်ပြည့်စုံ ကိုင်ထားတဲ့ BYD EV နဲ့ ခင်သီရိသက်မွန်တို့ရဲ့ MG EV က အများဆုံးပဲ။ဒါလည်း သူတို့အုပ်စုက အခွင့်ထူးခံဖြစ်နေတာကို။ပိုက်ဆံရှိတိုင်း ရွေးချယ်ခွင့်မရှိတော့ဘူး”ဟု မော်တော် ကားစျေးကွက်ကျွမ်းကျင်သူတစ်ဦးက လူထုနွေဦးသို့ ပြောထားသည်။

ပို့ကုန်ရငွေရှိပါက နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC)၏ ခွင့်ပြုချက် စောင့်စရာမလိုဘဲ အထူးအခွင့်အရေးအဖြစ် EVကို တင်သွင်းနိုင်သည်။

“ဒီကားတွေ အားသွင်းခဈေးတက်လည်း ဘာမှမထူးခြားဘူး။ လူတစုနဲ့ပဲသက်ဆိုင်တာ”ဟု အသက်(၂၆)နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ကြပ်တည်းနေသည့် အခြေခံလူထု၏ အဓိကလိုအပ်ချက်များကိုမူ အဆင့်ဆင့်သောမူဝါဒများဖြင့် ဖြတ် တောက်ထားပြီး အောက်တိုဘာ ၁ ရက်ကစ၍ ဆေးဝါးအပါအဝင် ပြည်ပသွင်းကုန်များအတွက် စစ်ကောင်စီက ဒေါ်လာရောင်းမပေးတော့ဘဲ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်များက ဝယ်ယူတင်သွင်းရမည်ဟု ကြေညာထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်း​အောင်လှိုင် ရဲ့သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့လျှပ်စစ်ကား(EV ကား)တင်သွင်းတာမှာအကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်တော်ယာဉ်ဈေးကွက်မှသတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာကျော် တန်ဖိုးကြီး ဇိမ်ခံ စူပါကား အမှတ်တံဆိပ် Ferrariရဲ့ ပထမဆုံး လျှပ်စစ်ကား အသစ်ကို တရားဝင် မိတ်ဆက် ပြသလိုက်ပါတယ်။