Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက တိုင်းပြည်လူဦးရေထက်ဝက်နီးပါးကို ဆင်းရဲမွဲတေမှုမျဉ်းအောက်သို့ ရောက်ရှိအောင်လုပ်ဆောင်ခဲ့ဟု မြန်မာသံအမတ်ကြီးပြော

ဆင်းရဲမွဲတေမှု ပိုမိုကြီးထွားလာချိန်တွင် ဆင်းရဲမွဲတေမှု ပပျောက်ရေး မည်သို့ဆောင်ရွက်မည်နည်းဟု ကုလ၌ မေးခွန်းထုတ်

ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် အထွေထွေမူဝါဒရေးရာဆွေးနွေးမှုအစီအစဉ်၌ သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

ထားအိ/People’s Spring

စစ်ကောင်စီသည် တိုင်းပြည်လူဦးရေထက်ဝက်နီးပါးကို ဆင်းရဲမွဲတေမှုမျဉ်းအောက်သို့ ရောက်ရှိအောင်လုပ်ဆောင်ခဲ့ပြီး ဆင်းရဲမွဲတေမှု ပိုမိုကြီးထွားလာချိန်တွင် ဆင်းရဲမွဲတေမှု ပပျောက်ရေးကို မည်သို့ဆောင်ရွက်ရမည်နည်းဟု မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံ၌ မေးခွန်းထုတ်သည်။

စစ်တပ်မှ မတရား အာဏာသိမ်းယူခဲ့သည့် (၃) နှစ်နှင့် (၉) လ အတွင်း ရေရှည်ဖွံ့ဖြိုးမှုရည်မှန်းချက်၏ အဓိကမဏ္ဍိုင် ၃ ရပ်လုံးမှာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာသံအမတ်ကြီးက အောက်တိုဘာ ၁၄ရက်တွင် ကျင်းပသော(၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၌ ရှင်းလင်းပြောကြားသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီသည် တရားဥပဒေစိုးမှု၊ ဒီမိုကရေစီနှင့် တာဝန်ယူမှု တာဝန်ခံမှုအဖွဲ့အစည်းများကို ဖျက်ဆီးခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ ပြုလုပ်နိုင်ရန် အခြေအနေများ ဖန်တီးပေး၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများ အပါအဝင် အကြမ်းဖက်ရက်စက်မှုများကို နေ့စဉ်ကျူးလွန်နေချိန်တွင် အားလုံးပါဝင်သည့် ငြိမ်းချမ်းသော လူမှုအဖွဲ့ အစည်းများ တည်ဆောက်ရေးကို မည်သို့ လုပ်ဆောင်ရမည်နည်းဟုလည်း သံအမတ်ကြီးက မေးခွန်းထုတ်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ၃ နှစ်ခွဲကျော် ကာလအတွင်း လူသားများခံစားရမှု၊ နေရပ်စွန့်ခွာမှုများ များပြားလာမှု၊ စီးပွားရေးချို့တဲ့မှု၊ ငွေရေးကြေရေး မခိုင်မာမှု၊ လူမှုရေး ဆုတ်ယုတ်မှုများ အားလုံး ဖြစ်ပေါ် စေခဲ့သည့် အဓိကအကြောင်းအရင်း ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်များ ဖြစ်သည်မှာ အားလုံး အသိ ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် အထွေထွေမူဝါဒရေးရာဆွေးနွေးမှုအစီအစဉ်၌ သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ – မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

မြန်မာပြည်သူများသည် နာကျင်စရာကောင်းသော အတွေ့အကြုံများဖြင့် ပြည့်နှက်နေကြရပြီး ပြဿနာ၏ အရင်းခံဖြစ်သည့် စစ်အာဏာရှင်အပြီးတိုင် ချုပ်ငြိမ်းရေးကို မဆောင်ရွက်နိုင်လျှင် ယင်းပဋိပက္ခအကျပ်အတည်းမှာ ကြာရှည်စေမည်ဟု သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံများသို့ ပြောသည်။

ထို့အတွက် စစ်ကောင်စီမှပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲသည် ပြည်သူများ၏ ဆန္ဒနှင့် မကိုက်ညီ သကဲ့သို့ ပြည်သူများက လုံးဝ လက်ခံမည် မဟုတ်ကြောင်း ဆက်ပြောသည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း မြန်မာပြည်သူများ၏အသံကို နားထောင်ပြီး စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရန်လိုအပ်မည်ဖြစ်ကြောင်း သံအမတ်ကြီးက တိုက်တွန်းသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မြန်မာနိုင်ငံတွင် ယခင်ကရရှိခဲ့သည့် တိုးတက်မှုအခြေအနေများ ပြန်လည်ရရှိရန် အခြေခံ အဓိကလိုအပ်ချက်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များအနေဖြင့် အားလုံးပါဝင်သော ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို သန္ဒိဌာန်ချ ထားကြောင်း အထက်ပါညီလာခံ၌ အစီရင်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။