Connect with us

Hi, what are you looking for?

သတင်း

စွယ်တော်ကုန်းစခန်းသိမ်းပိုက်မှု ၁၂၀ မမ လက်နက်ကြီး ၂လက်နှင့် ပွိုင့်ဖိုက်စက်သေနတ် အပါအဝင် လက်နက်များစွာရဟု KNU ထုတ်ပြန်

ဒေသတွင်း ပြည်သူများကို လက်နက်ကြီးပစ်ခတ်ကျူးလွန်ခဲ့သည့် စခန်းကို ၇လကြာ ပိတ်ဆို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု အသိပေး

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့ လုံခြုံရေးအရေးပါသည့် စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၁၂၀ မမ လက်နက်ကြီးနှင့် စက်သေနတ်ကြီးမပါအဝင် လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားသော စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းအား KNLA ပူးပေါင်းတပ်က အောက်တိုဘာလ (၁၇) ရက်နေ့ မနက် (၅) နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်စခန်းသည် ထိုင်းမြန်မာနယ်စပ်တွင်တည်ရှိကာ နယ်မြေစိုးမိုးရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားသော တပ်စခန်းတစ်ခုဖြစ်ပြီး လေကေ့ကော် မြို့သစ်သို့ ကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ မြဝတီနှင့် ဖလူးဒေသတစ်လျှောက် လက်နက်ကြီးများနှင့် ပစ်ခတ်ကာ ပြည်သူလူထုအား အမြဲတစေလူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော တပ်စခန်း တစ်ခုဖြစ်ကြောင်း၊ ယင်းတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တို့မှ (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စခန်း သိမ်းပိုက်စဉ်အတွင်း စစ်သုံ့ပန်းများအပြင် (၁၂၀) မမ လက်နက်ကြီး (၂) လက်၊ ပွိုင့်ဖိုက် (၁) လက်နှင့် လက်နက်ငယ်များအပါအဝင် ခဲယမ်းအမြှောက်အများ ကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

၂၀၀၃ ခုနှစ်မှ စတင်ကာ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်း အဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်များမှ တာဝန်ယူခဲ့သည့် စွယ်တော်ကုန်း စခန်း ကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မှစ၍တပ်မ (၂၂) တပ်မ (၄၄) နှင့် ကမ်းရိုးတမ်းတပ်များပါ လာရောက်တပ်စွဲခဲ့သော စခန်းဖြစ်ကြောင်း KNU က အသိပေးထားသည်။

KNU အနေဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် KNU ၏ စစ်ရေးလမ်းစဉ်၊ တိုက်ပွဲလမ်းညွှန်အတိုင်း ခြွေစစ်ကို အသုံးပြု တိုက်ခိုက်နေကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ​အောက်တိုဘာ ၁၇တွင် ပြောသည်။

KNU၏ နိုင်ငံခြားရေးဌာန တာဝန်ခံ တစ်ဦးလည်းဖြစ်သည့် ပဒိုစောတောနီးအား စွယ်တော်ကုန်း တပ်စခန်း သိမ်းပိုက်နိုင်မှုနှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားကို မေးမြန်းရာ “အဲဒါက ကျနော်က စစ်ရေးဘက်မှာမကျွမ်းကျင်ဘူးလေ။ ပြောစရာလည်း မလိုဘူး။ သို့သော် မျက်လုံးနဲ့ ကြည့်ပြီး မြင်နေရတာက အခုက လေးကေ့ကော်ရော၊ မြ၀တီရော ဘေးနားမှာ ဘာမှမရှိဘဲနဲ့ တခါတည်း မြ၀တီမြို့ကြီးက ဟိုး လဟာပြင်စျေးကြီးလိုဖြစ်နေတာ။ ဘေးနားမှာ ဘာမှမရှိတော့ဘူး။ ကျနော် အဲဒီလောက်ပဲ ပြောချင်တယ်” ဟု မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook