ကရင်အမျိုးသားအစည်းအရုံး၊မူတြော်(ဖာပွန်)ခရိုင်၊တပ်မဟာ(၅)ထိန်းချုပ်နယ်မြေတွင် အောက်တိုဘာ ၁ရက်မှ ၂၀ရက်အထိ တိုက်ပွဲ ၁၂၃ကြိမ်ဖြစ်ပွားရာ အာဏာသိမ်းစစ်ကောင်ဏီတပ်မှ ၅၈ဦးသေဆုံးပြီး ၆၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU ဗဟို သတင်းနှင့်ပြန်ကြား ရေးဌာနက ယနေ့(အောက်တိုဘာ၂၃) ထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် ဒု-ဗိုလ်မှူးကြီး တစ်ဦး နှင့် ဗိုလ်ကြီးနှစ်ဦးလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။KNU ဘက်မှလည်း ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ရင်းများနှင့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ရင်းများ က စစ်ရေးလှုပ်ရှားမှုများ လူအခွင့် ရေးချိုးဖေါက်မှုများ နေစဉ်ပြုလုပ်နေခြင်းကြောင့် KNU လက်အောက်ခံ တပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၅) နှင့်ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့မှ နယ်မြေလုံခြုံရေး၊ ပြည်သူလူထု အသက်အိုးအိမ် ကာကွယ်ရေးအတွက် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့ကြောင်း KNUက ဆိုသည်။
KNU တပ်မဟာ (၅) နယ်မြေ၌ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားတပ်ရင်းပေါင်း ၂၇ ရင်း နှင့် BGF တပ်ရင်း နှစ်ရင်းရှိကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် ပြည်သူထုများနေထိုင်ရာနေရာများသို့ လက်နက်ကြီး၊ လက်နက်ကယ်များနှင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် ယခုလအတွင်း၌ KNU တပ်မဟာ(၅)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၁) နယ်မြေများ၌ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။


















































