Connect with us

Hi, what are you looking for?

News

KNUတပ်မဟာ(၅)နယ်မြေတွင် သုံးပတ်အတွင်းတိုက်ပွဲ ၁၂၀ကျော်ဖြစ်၊ ဒုဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီတပ်မှ ၆၀နီးပါးသေဟု ထုတ်ပြန်

စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် ဒု-ဗိုလ်မှူးကြီး တစ်ဦး နှင့် ဗိုလ်ကြီးနှစ်ဦးလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။KNU ဘက်မှလည်း ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး၊မူတြော်(ဖာပွန်)ခရိုင်၊တပ်မဟာ(၅)ထိန်းချုပ်နယ်မြေတွင် အောက်တိုဘာ ၁ရက်မှ ၂၀ရက်အထိ တိုက်ပွဲ ၁၂၃ကြိမ်ဖြစ်ပွားရာ အာဏာသိမ်းစစ်ကောင်ဏီတပ်မှ ၅၈ဦးသေဆုံးပြီး ၆၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU ဗဟို သတင်းနှင့်ပြန်ကြား ရေးဌာနက ယနေ့(​အောက်တိုဘာ၂၃) ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် ဒု-ဗိုလ်မှူးကြီး တစ်ဦး နှင့် ဗိုလ်ကြီးနှစ်ဦးလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။KNU ဘက်မှလည်း ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ရင်းများနှင့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ရင်းများ က စစ်ရေးလှုပ်ရှားမှုများ လူအခွင့် ရေးချိုးဖေါက်မှုများ နေစဉ်ပြုလုပ်နေခြင်းကြောင့် KNU လက်အောက်ခံ တပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၅) နှင့်ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့မှ နယ်မြေလုံခြုံရေး၊ ပြည်သူလူထု အသက်အိုးအိမ် ကာကွယ်ရေးအတွက် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့ကြောင်း KNUက ဆိုသည်။

KNU တပ်မဟာ (၅) နယ်မြေ၌ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားတပ်ရင်းပေါင်း ၂၇ ရင်း နှင့် BGF တပ်ရင်း နှစ်ရင်းရှိကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် ပြည်သူထုများနေထိုင်ရာနေရာများသို့ လက်နက်ကြီး၊ လက်နက်ကယ်များနှင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် ယခုလအတွင်း၌ KNU တပ်မဟာ(၅)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၁) နယ်မြေများ၌ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။