Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာမှ စစ်သားနှင့် ပျူစောထီး ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံးကြောင်း သတင်းရရှိသည်။

စစ်သားနှင့်ပျူများအား တိုက်ခိုက်ခဲ့သော ကာကွယ်ရေးရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-ဗိုလ်ကျားရိုင်း

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာမှ စစ်သားနှင့် ပျူစောထီး ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့(အောက်တိုဘာ ၂၂ ရက်) နံနက် ၇နာရီခွဲခန့်က ညောင်ကိုင်းပျူစောထီးကျေးရွာမှ ဆိုင်ကယ် တစ်စီးဖြင့်လာသော စစ်သားတစ်ဦးနှင့် ပျူစောထီးတစ်ဦးအား ပစ်ခတ်တိုက်ခိုက်ရာ ​နှစ်ဦးလုံးနေရာတွင် သေဆုံးကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“စခနာမည်က ပေသီးတဲ့။ ပျူနာမည်က မောင်ကြီးတဲ့။ သူတို့နှစ်ကောင်က တည်သီးတောကိုလာတာကို တည်သိးတောနဲ့ ​ညောင်ကိုင်းကြားမှာ ဆီးပစ်တာ။ နေရာမှာတင် နှစ်ကောင်လုံး ပွဲချင်းပြီးသေတယ်။”ဟု ၎င်းက ပြောသည်။

၎င်းတို့ထံမှ MA1 တစ်လက်၊ ကျည်ဘောက် ၃ခုနှင့် အီနာဂါ ၄လုံး သိမ်းဆည်းရမိကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

တိုက်နယ်(၂)ပကဖ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေး(PDO)အဖွဲ့၊ တိုက်နယ်(၃) ပကဖ တိုက်ခိုက်ရေးအဖွဲ့ (ကြီးလေးကြီးပကဖအဖွဲ့၊ ဓားညီနောင်ပကဖအဖွဲ့)၊ တိုက်နယ်(၅) ပကဖ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာ ၅ ရွာထက်မနည်းရှိပြီး ကာကွယ်ရေးအဖွဲ့များက မကြာခဏ သွားရောက် တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ