Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် အမျိုးသမီးတစ်ဦးပစ်သတ်ခဲ့သည့် PDFဒုတပ်ခွဲမှူးအား NUG စစ်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူးအား စစ်တရားရုံးက ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇေထက်ဟန်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူးအား စစ်တရားရုံးက ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာမှ အမျိုးသမီးတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) – ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေကပစ်သတ်ခဲ့ကြောင်း အကျဉ်းစစ်တရားရုံးချုပ်၏ ဖွဲ့စည်းစစ်ဆေးမှုအရ ​ပေါ်​ပေါက်သဖြင့် တရားခံကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်မှာ ၂၀၂၄ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃နာရီခွဲခန့်က သမီးရည်းစားချင်း စကားများကြရာမှ ရဲဘော် ပြည့်ထွန်းနိုင်က သေနတ်ဖြင့် တချက်တည်းပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးသည်။

အဆိုပါအမှုကို စစ်ဆေးကြားနာရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဧပြီလ ၁၉ ရက်တွင် ဖွဲ့စည်းတာဝန်ပေးခဲ့သည်။

အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာခဲ့ပြီး၂၀၂၄ အောက်တိုဘာ ၁၁ ရက်တွင် တရားခံ ရဲဘော်ပြည့်ထွန်းနိုင် (ခ) လင်းစေသည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံအသိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော် တရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သားများ ကျူးလွန်သည့် ပြစ်မှုများကိုလည်း မျှတသည့် တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

“PDF တွေသာမက ပကဖတွေလည်း ဒီလို အလားတူမဟုတ်ပေမယ့် တခြားသော ပြစ်မှုတွေလည်း မြေပြင်မှာရှိနေပါတယ်။ ဒါတွေကိုလည်း ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။ အခုဖြစ်တဲ့ အမှုကလည်း လူသိရှင်ကြားဖြစ်ခဲ့တာမို့ အခုလို အရေးယူမှုကို ကျတော်တို့ ကြိုဆိုပါတယ်”ဟု စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း နဘဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ပါးနဲ့ ပြည်သူ ၁ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။