Connect with us

Hi, what are you looking for?

News

၃ ပတ်အတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၄၅ ဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူထုတ်ပြန်

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံတွေဆီကနေ ဖုန်းတွေအပြင် ငွေကျပ် ၈၀၀၀၀ တန်ဖိုးရှိတဲ့ ဖုန်းငွေဖြည့်ကဒ်ကိုလည်း အတင်းယူဆောင်သွားခဲ့ပြီး ဒေသခံတစ်ဦးရဲ့ နေအိမ်ကိုလည်း အကြောင်းမဲ့မီးရှို့ခဲ့သေးတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေအဲန်ယူ ဒူးသထူခရိုင် တပ်မဟာ ၁ နယ်မြေမှာ သုံးပတ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပေါင်း ၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၅ ဦးသေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အခုလ အောက်တိုဘာ ၁ ရက်ကနေ ၂၀ ရက်အထိ KNLA တပ်မဟာ ၁ လက်အောက်ခံတပ်တွေနဲ့ တိုက်ပွဲပေါင်း ၃၀ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၄၅ ဦးသေဆုံးခဲ့ပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ဆိုပါတယ်။

KNLA တပ်မဟာ ၁ ဘက်တော့ တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဘီဂျီအက်ပူးပေါင်းတပ်တွေဟာ ကေအဲန်ယူ သထုံခရိုင်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်နေခဲ့ပြီး ဒေသခံရွာသားတွေကို အတင်းအဓမ္မခေါ်ဆောင်ကာ လမ်းပြနဲ့ လူသားဒိုင်းကာအဖြစ်အသုံးပြုပြီး ဒေသခံတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံတွေဆီကနေ ဖုန်းတွေအပြင် ငွေကျပ် ၈၀၀၀၀ တန်ဖိုးရှိတဲ့ ဖုန်းငွေဖြည့်ကဒ်ကိုလည်း အတင်းယူဆောင်သွားခဲ့ပြီး ဒေသခံတစ်ဦးရဲ့ နေအိမ်ကိုလည်း အကြောင်းမဲ့မီးရှို့ခဲ့သေးတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။