Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မြို့နယ်တွင် PDFများအား Liveလွှင့် စိန်ခေါ်သည့် ပျူခေါင်းဆောင် ပစ်သတ်ခံရ

နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားသမားများလည်း သတိပြုနေထိုင်ကြရန် နတ်မောက်တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

(ပစ်ခတ်ခံရသော ပျူစောထီးခေါင်းဆောင် ဇော်ဝင်းက PDFများအား စိန်ခေါ်ခဲ့သည့် Tiktok video)
(ပစ်ခတ်ခံရသော ပျူစောထီးခေါင်းဆောင် ဇော်ဝင်းက PDFများအား စိန်ခေါ်ခဲ့သည့် Tiktok video)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် PDF ရဲဘော်များအား Facebook လူမှုကွန်ရက်တွင် Live လွှင့်ပြီး စိန်ခေါ်ထားသည့် ပျူစောထီးခေါင်းဆောင် တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၀ရက် ညနေ ၆နာရီခန့်က နတ်မောက်မြို့ရဲစခန်းအနီး၌ စစ်မှုထမ်းဟောင်း၊ ပျူစောထီးခေါင်းဆောင် (၅၃)အရွယ် ဇော်ဝင်း (ခ)မြွေဟောက်ကို နတ်မောက်မြို့နယ်မဟာမိတ်တပ်ပေါင်းစုက သွားရောက်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း People’s Defence Organization-Natmauk တာဝန်ခံ အဆိပ်သီးက ပြောသည်။

“စကစ ထောက်တိုင်အကြီးစားပါ။စစ်မှုထမ်းဟောင်းတစ်ဦး၊လက်ရှိ ပျူစောထီးခေါင်းဆောင်လုပ်နေသူပါ။မြို့နယ်ထဲမှာပေါ်တာဆွဲတာတွေ ဦးဆောင်လုပ်နေသူ တစ်ယောက်ပါ။သူ့ကြောင့်ဒုက္ခရောက်နေကြတဲ့လူငယ်တွေအများကြီးပါ။ပေါ်တာဆွဲတဲ့ထဲက ပိုက်ဆံရှိသူတွေကိုသိန်း၁၅၀ ဝန်းကျင်နဲ့ပြန်ရွေးခိုင်းပြီးပြည်သူကိုဒုက္ခပေးနေသူတစ်ယောက်ပါ။ PDFတွေကိုလည်း Liveလွှင့်ပြီး ဆဲဆိုစိန်ခေါ်ဆဲလေ့ရှိသူတစ် ယောက်ပါ။”ဟု အဆိပ်သီးက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းထံတွင် ပစ္စတိုတစ်လက်နှင့် လက်ပစ်ဗုံး နှစ်လုံးရှိသည်ဟုသိရသော်လည်း ရဲစခန်းနှင့်နီးကပ်နေ၍ ရှာဖွေသိမ်းဆည်းချိန်မရခဲ့ကြောင်း တာဝန်ခံ အဆိပ်သီးက ရှင်းပြသည်။

ထို့အပြင် နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားသမားများလည်း သတိပြုနေထိုင်ကြရန် နတ်မောက်တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်ကလည်း မကွေးတိုင်း၊ အောင်လံမြို့နယ်၊တလုပ်ပင်စခန်းမှ ပြန်လာသည့် စစ်ကောင်စီယာဥ်များကို People’s Defence Organization-Natmauk အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ