Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေ၊ ၁၅ဦး ဒဏ်ရာရဟု တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

စစ်ကောင်စီတပ်ကလည်း စစ်ကူများအဆက်မပြတ်ပို့ဆောင်ပြီး လေကြောင်းပစ်ကူ ပေးတိုက်ခိုက်မှုများရှိသည်ဟုလည်း အသိပေးသည်။

(ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်အှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်အှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ရွာကြီးအင်းရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက အသိပေး ထုတ်ပြန်သည်။

နိုဝင်ဘာ ၁ရက်တွင် ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားသို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ ၁၀ဦးသေဆုံးကာ ၁၅ဦးဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိခဲ့ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက် အခြေအနေနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုချက် မရသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ P2-7803 ရိုးမ(၁)စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P2-9914 ရိုးမ (၂) စစ်ကြောင်း၊ ဖြူးပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် KNLAတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်ကလည်း စစ်ကူများအဆက်မပြတ်ပို့ဆောင်ပြီး လေကြောင်းပစ်ကူ ပေးတိုက်ခိုက်မှုများရှိသည်ဟုလည်း အသိပေးသည်။

ကျောက်ကြီးမြို့နယ်တိုက်ပွဲသတင်းကို KNU/KNLA ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ကျောက်ကြီး(လယ်ဒို)မြို့နယ်အပါအဝင် KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုအား ပစ်မှတ် ထားတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု အခြေအနေများကို နိုဝင်ဘာ ၂ရက်တွင် အသိပေးထားသည်။

ကျောက်ကြီးမြို့နယ်တွင် အောက်တိုဘာ ၂၉ရက် က စစ်ကောင်စီတပ်၏ လှုပ်ရှားစစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသာယာကျေးရွာမှ (၁)နှစ်အရွယ် ကလေးငယ်သေဆုံးကာ နေအိမ် နှင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီးမှုရှိခဲ့သည်ဟု KNUက ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၈ရက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့၍ ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ် ရွာကြီးအင်းရွာနှင့် နိုကလော်ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်မှုများကြောင့် သေဂေလူကျေးရွာ၊ ရေလဲကျေးရွာ၊ ရွာကြီးအင်းကျေးရွာ ရှိပြည်သူလူထုများသည် ကြောက်ရွံ့ ထိတ်လန့်ပြီး ရွာလုံးကျွတ် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟုလည်း KNUက အသိပေးသည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေရသည့် နိုကလော်ကျေးရွာများမှ ဒေသခံများကို Free Burma Rangerအဖွဲ့က အောက်တိုဘာ ၃၀ရက် တွင် အရေးပေါ် စားနပ်ရိက္ခာအတွက် ဆန်(၁၀)အိတ်နှင့် ဆား၊ ငရုပ်၊ အချိုမှုန့်စသည် တို့ သွားရောက်ကူညီထောက်ပံ့ခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။