Connect with us

Hi, what are you looking for?

သတင်း

PDFနှင့် ပကဖ သို့ ဆက်သွယ်ပြီး ပြည်သူနှင့်ပူး​ပေါင်း​သောစစ်သားနှင့်ရဲ နှစ်လအတွင်း ၄၉ ဦးရှိ

လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟုဆိုသည်။

အလင်းဝင်လာ​သောစစ်သားများကို ကြိုဆို​နေကြ​သောPDF များ
အလင်းဝင်လာ​သောစစ်သားများကို ကြိုဆို​နေကြ​သောPDF များ

▪︎ပြည်သူ့ဘက်ကူးပြောင်းသူများ၌ အရာရှိ ၆ ဦး ပါဝင်ပြီး လက်နက်မျိုးစုံ ၁၇လက် ရရှိဟု အသိပေး

ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများ သို့ ဆက်သွယ်ကာ စစ်ကောင်စီတပ်နှင့် ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံလျက်ရှိရာ ပြီးခဲ့သည့် နှစ်လအတွင်း ရဲနှင့် တပ်သား ၅၀ ဦးနီးပါးရှိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း တပ်သားနှင့်ရဲ (၄၉) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ ခဲ့ရာအရာရှိအဆင့် ဗိုလ်ကြီး (၄) ဦး၊ ရဲအုပ် (၂) ဦး ပါဝင်သည်ဟု ဖော်ပြသည်။

အလင်းဝင်လာ​သောစစ်သားများကို ကြိုဆို​နေကြ​သောPDF များ
အလင်းဝင်လာ​သောစစ်သားများကို ကြိုဆို​နေကြ​သောPDF များ

ထိုသို့ စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာသူများအနက်လက်နက်၊ ခဲယမ်းများလည်း ပါရှိခဲ့ရာ နှစ်လအတွင်း လက်နက်မျိုးစုံ (၁၇) လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ဟု အသိပေးသည်။ လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့မဟုတ် ) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ဘက် ရပ်တည်ရန်လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။