Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲပြင်းထန်နေ

တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူရယူခဲ့ရပြီး နှစ်ဖက်ထိခိုက်မှုအချို့ရှိကာ မြေပြင်အချက်အလက်ကိုမူ လူထုနွေဦးအနေဖြင့် စုံစမ်းဆဲဖြစ်သည်။

(ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က မိုးဗြဲမြို့အနောက်ဘက်မ်းခြမ်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ - ERCT)
(ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က မိုးဗြဲမြို့အနောက်ဘက်မ်းခြမ်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ - ERCT)

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ယနေ့(နိုဝင်ဘာ ၁၇ ရက်)တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြော သည်။

တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူရယူခဲ့ရပြီး နှစ်ဖက်ထိခိုက်မှုအချို့ရှိကာ မြေပြင်အချက်အလက်ကိုမူ လူထုနွေဦးအနေဖြင့် စုံစမ်းဆဲဖြစ်သည်။

” ဖယ်ခုံကနေ မိုးဗြဲ- နန်းမယ်ခုံ-လွိုင်ကော်ဖက်ကို စကစက အင်အား ၃၀၀လောက်နဲ့ စစ်ကြောင်းထိုးလာတယ်။မနက်ကတည်းက တိုက်ပွဲဖြစ်နေတယ်။ဒီနေ့ ညနေပိုင်းလေယာဥ်နဲ့ပါ လာပစ်တယ်။တိုက်ပွဲက တော်တော်လေးပြင်းထန်တယ်”ဟု မြေပြင်အခြေ အနေကိုသိရှိသူတစ်ဦက လူထုနွေဦးသို့ ပြော သည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့ကို ယမန်နှစ်ကတည်းက ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ကရင်နီတပ်ပေါင်းစုဘက်က ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပြီး မြို့စောင့်တပ်ဖြစ်သော ခြေမြန်တပ်ရင်း ခမရ (၄၂၂)ကိုမူ သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပေ။

“ပြီးခဲ့တဲ့လကတည်းက ဖယ်ခုံ-ပင်လောင်းကြားမှာ ၂လကြာတိုက်ပွဲကြီးဖြစ်ခဲ့တယ်။ အခြေအနေအရ ဆုတ်လိုက်ရခါကြတော့ အခု ဖယ်ခုံ-မိုးဗြဲ ကြားမှာ ပြန်ဖြစ်တယ်။ မိုးဗြဲဖက်ခြမ်းလည်းဖြစ်တယ်။စစ်ကူထပ်မလာနိုင်အောင် ကာကွယ်ရေးတပ်များက အတတ်နိုင်ဆုံးကြိုးစားခုခံနေပါတယ်”ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကရင်နီပြည်နယ်၌ ၎င်းတို့ဆုံးရှုံးထားသော စခန်းနှင့် မြို့များပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီက ၂၀၂၄ ဇွန်လကစ၍ အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်နေကာ လွိုင်ကော်မြို့ကို အခြေချနိုင်ခဲ့သည်။

ထို့နောက် ကရင်နီဒေသ၏ စစ်ရေးအရအရေးပါသော ဆီဆိုင်-လွိုင်ကော်လမ်းနှင့် ပင်လောင်း -ဖယ်ခုံ-မိုးဗြဲ နှင့် လွိိုင်ကော်လမ်းပိုင်းကို ထိန်းချုပ်ရန် ဆက် လက်ကြိုပမ်းနေသည်။

ကရင်နီပြည်နယ်သို့ စစ်ကောင်စီသည် အင်အားအလုံး အရင်းဖြည့်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ် မာဝီက မကြာသေးမီရက်ပိုင်းက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။