Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ

ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ နှင့် လွိုင်ကော်လမ်းပိုင်း ကို ထိန်းချုပ်ရန် စစ်ကောင်စီက စက်တင်ဘာလဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိနေသည်။

မိုးဗြဲမြို့ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ
မိုးဗြဲမြို့ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ

ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့က စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

ပင်လောင်းမြို့ဘက်မှ ဖယ်ခုံမြို့ဘက်သို့ အင်အား ၅၀၀ခန့်ဖြင့် မြေပြင်မှ စစ်ကြောင်းထိုးပြီး လေကြောင်းမှ ပစ်ခတ်လာသည့် စစ်ကောင်စီတပ်နှင့် PNOတို့သည် ဖယ်ခုံမြို့ကို ခြေကုပ်ယူပြီးနောက် မိုးဗြဲမြို့ကိုပါ ပြန်လည်ထိန်းချုပ်ရန်ကြိုးပမ်းနေသည်ဟု ဆိုသည်။

“လက်နက်ကြီးနဲ့ပစ်ပြီး လမ်းကြောင်းရှင်းနေတာလို့ ယူဆရတယ်။နိုဝင်ဘာ ၁၅ ရက် သုံးရက်ဆက်တိုက်ရှိပြီ။မကြာခင် စစ်ကြောင်းထိုးလာနိုင်တယ်။ဝါရီကောခူဘက်ကို ပစ်တယ်။ပြီးတော့ ထောက်လှမ်းရေးဒရုန်းတချို့ ပျံတာလည်း တွေ့ရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ နှင့် လွိုင်ကော်လမ်းပိုင်း ကို ထိန်းချုပ်ရန် စစ်ကောင်စီက စက်တင်ဘာလဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိနေသည်။

“ပင်လောင်းကနေ ဖယ်ခုံမြို့ထဲကို စကစ စစ် ကြောင်း ဝင်လိုက်နိုင်တဲ့အခြေအနေရှိတယ်။အဲဒီကနေ ဆက်ပြီးစစ်ကြောင်းထိုးလာမယ်မှန်းလည်း ခန့်မှန်းရတယ်”ဟု ကရင်နီပူးပေါင်းတပ် တာဝန်ရှိသူက ပြောသည်။

ယမန်နှစ်ကစတင်ခဲ့သော ‘၁၁.၁၁ စစ်ဆင်ရေး’နှင့်အတူ ကရင်နီတပ်ပေါင်းစုသည် ဖယ်ခုံနှင့် မိုးဗြဲ မြို့များမှ စစ်ကောင်စီတပ် စခန်း ၁၇ခုကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ ပင်မ အခြေစိုက်တပ်များကို သိမ်းပိုက်နိုင်မှုမရှိခြင်း၊လေကြောင်းတိုက်ခိုက်မှုများပြားခြင်းနှင့် မြေပြင်စစ်ကူများစွာရောက်လာ၍ ပြန်လည်ဆုတ်ခွာရမှုရှိနေသည်။

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီခြေမြန်တပ်ရင်း အမှတ် (၃၃၆)နှင့် (၄၂၁)တပ်ရင်းများရှိပြီး အမှတ် (၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လည်း အခြေစိုက်ထားသည်။ထို့အတူ မိုးဗြဲမြို့တွင် ခမရ (၄၂၂)တပ်ရင်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook