Connect with us

Hi, what are you looking for?

သတင်း

ကျိုက်လတ်ငလျင်​ကြောင့် ကော့မှူးမြို့နယ်မှ စေတီတစ်ဆူထီးတော်ကျိုးပြီး အိမ် ၁လုံးပျက်စီး

ငလျင်လှုပ်ရှားမှုသည် ကျိုက်လတ်မြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ရှိ ဒေဒရဲမြို့၊ ကော့မှူးမြို့တို့တွင်သာမက ရန်ကုန်မြို့တွင်လည်း သိသိသာသာခံစားခဲ့ကြရသည်။

(​မြေငလျင်​ကြောင့် ​​နေအိမ်တလုံးပျက်စီး​နေမှု။ ဓါတ်ပုံ-CJ)
(​မြေငလျင်​ကြောင့် ​​နေအိမ်တလုံးပျက်စီး​နေမှု။ ဓါတ်ပုံ-CJ)

အိမ်သွင်/People’s Spring

ကျိုက်လတ်မြို့အနီးတွင် ယမန်နေ့ (နိုဝင်ဘာလ ၂၀ရက်) ည‌နေပိုင်းတွင် လှုပ်ခတ်သွား​သော​မြေငလျင်ကြောင့် ရန်ကုန်တိုင်းကော့မှူးမြို့နယ်တွင် စေတီတစ်ဆူထီးတော် ကျိုးကျခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည်။

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်ကို ဗဟိုပြု၍ နိုဝင်ဘာ ၂၀ ရက်နေ့ညနေ ၅နာရီ ၃၄မိနစ်ကရစ်ချ်တာစကေး ၄ဒဿမ၉အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ထိုအပြင် ရစ်ချ်တာစကေး ၃အထက် အင်အားရှိ ​နောက်ဆက်တွဲ​မြေ ငလျင် သုံးကြိမ်လှုပ်ရှားခဲ့ကြောင်း ထိုင်းမိုးလေဝသနှင့်ဘူမိဌာတ(TMG)က ထုတ်ပြန်သည်။

(​မြေငလျင်​ကြောင့် ​​နေအိမ်တလုံးပျက်စီး​နေမှု။ ဓါတ်ပုံ-CJ)
(​မြေငလျင်​ကြောင့် ​​နေအိမ်တလုံးပျက်စီး​နေမှု။ ဓါတ်ပုံ-CJ)

၅နာရီ ၃၄မိနစ်က လှုပ်ရှားသည့်ငလျင်ကြောင့် ကော့မှူးမြို့နယ်၊ ကျိုက်ထော်ရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော်ကျိုးကျပြီး ကျိုက်တော်ရွာ၊ ဘုရားလမ်းမှ အုတ်ညှပ် တစ်ထပ်အိမ်နံရံပြိုကြခဲ့သည်။ အိမ်နံရံပြိုကျမှု၌ အမျိုးသားတစ်ဦးဒဏ်ရာနည်းငယ်ရရှိခဲ့​ကြောင်းစုံစမ်းသိရသည်။ ငလျင်​ကြောင့် အခြားထိခိုက်ပျက်စီးမှုများလည်း ရှိနိုင်​သော်လည်း ယခုပျက်စီးမှုသတင်းသာရရှိ​သေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ငလျင်လှုပ်ရှားမှုသည် ကျိုက်လတ်မြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ရှိ ဒေဒရဲမြို့၊ ကော့မှူးမြို့တို့တွင်သာမက ရန်ကုန်မြို့တွင်လည်း သိသိသာသာခံစားခဲ့ကြရသည်။

ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်ထိစပ်နေရာတွင် ဒေးဒရဲပြတ်ရွေ့ရှိပြီး ယခုငလျင်သည် ဒေးဒရဲပြတ်ရွေ့လှုပ်ရှားခြင်းဖြစ်နိုင်ကြောင်း ဘူမိဗေဒကျွမ်းကျင်သူအချို့ကဆိုသည်။ဒေးဒရဲပြတ်ရွေ့လှုပ်ရှားပါက ရန်ကုန်မြို့၌လည်းသက်ရောက်နိုင်သည်။

နိုဝင်ဘာ ၂၀ ရက်တွင် လှုပ်ခတ်​သောကျိုက်လတ်ငလျင်ကြောင့် ရန်ကုန်မြို့၊ ကျိုက်လတ်မြို့၊ ဒေးဒရဲမြို့တို့တွင် ထိခိုက်ပျက်စီးမှုသတင်းမရရှိ​သေး​ပေ။

ဧရာဝတီတိုင်းတွင် ၂၀၂၃ ခုနှစ် ဇွန်လ ၇ရက်က မအူပင်မြို့၍ ရစ်ခ်ျတာစကေး ၄ မှ ၅အတွင်းအင်အားရှိ ငလျင်လေးကြိမ်လှုပ်ခဲ့ပြီး သုံးဦးသေဆုံးခဲ့ပြီး အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။