Connect with us

Hi, what are you looking for?

သတင်း

ကျိုက်လတ်မြို့မှ စစ်ကောင်စီ​ထောက်တိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ရှင်းလင်း

ရန်ကုန်တိုင်းနှင့် ထိစပ်နေသော ဧရာဝတီတိုင်းကို စစ်ကောင်စီက တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး စစ်ဆေးရေးဂိတ်များကို သဲအိတ်အထပ်ထပ်ဖြင့် ရုပ်ပျက်ဆင်းပျက်ကာရံထားပြီး စစ်ဆေးနေသည်ကို တွေ့ရသည်။

ကျိုက်လတ်မြို့နယ်
ကျိုက်လတ်မြို့နယ်

စစ်ကောင်စီအား လက်နက်ကိုင်တိုက်ခိုက်ရေး အရှိန်မြင့်လာသည့် ဧရာဝတီတိုင်းတွင် ကျိုက်လတ်မြို့မှ စစ်ကောင်စီ​ထောက်တိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ရှင်းလင်းခဲ့သည်။

ကျိုက်လတ်မြို့နယ် တဲ့တဲ့ကူးကျေးရွာ(ဒေသအခေါ် ဒတဲ့ကူးကျေးရွာ)အုပ်ချုပ်ရေးမှူးကို ယမန်နေ့(ဇွန် ၁၅ ရက်)ညနေတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုက ထုတ်ပြန်သည်။

“ကျိုက်လတ်မြို့နယ်၊တဲ့တဲ့ကူးကျေးရွာအုပ်ချုပ်ရေးမှူးအား ဇွန်လ ၁၅ရက် ညနေ ၃နာရီတွင် အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါသည်”ဟု ဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုက ထုတ်ပြန်သည်။

အထက်ပါ စစ်ကောင်စီ​ထောက်တိုင်ရှင်းလင်းရေးကိုဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုနှင့်အတူဗိုလ်ငမန်းဦးဆောင်သောဧရာ၀တီတိုက်ငမန်းပြောက်ကျားတပ်ဖွဲ့ ၊ ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းတွင် မေလမှစတင်ကာ ပြည်သူ့ကာကွယ် ရေးတပ်များက စစ်ကောင်စီတပ်အား တိုက်ခိုက်မှုများ အရှိန်မြင့်လာသည်။

ဇွန်လ၂ရက်ကလည်း ကွင်းကောက်မြို့ရှိ စစ်ကောင်စီ၏အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့သည်။ ယင်းနေ့တွင်ပင် အင်္ဂပူမြို့ရှိ စစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖြိုလှဲခဲ့သည်။ မေလကုန်ကလည်း ဓနုဖြူမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲဲ့က တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ဇွန်လ ၁၇ရက်ကလည်း ငရုတ်ကောင်းမြို့၊ ဆင်ငံကျေးရွာအနီးတွင် ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ခဲ့သည်။ ထိုအတော အတွင်း အင်္ဂပူမြို့တွင် စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှုးကို စွန်ရဲနီပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးက ပစ်ခတ်ရှင်းလင်းစဥ် စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး ယင်းလူငယ်နှစ်ဦး အသတ်ခံလိုက်ရသည်။

ရန်ကုန်တိုင်းနှင့် ထိစပ်နေသော ဧရာဝတီတိုင်းကို စစ်ကောင်စီက တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး စစ်ဆေးရေးဂိတ်များကို သဲအိတ်အထပ်ထပ်ဖြင့် ရုပ်ပျက်ဆင်းပျက်ကာရံထားပြီး စစ်ဆေးနေသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။