Connect with us

Hi, what are you looking for?

News

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့တွင် တိုက်ပွဲပြင်းထန်နေ

“လက်နက်ကြီးတွေက စစ်တပ်က ပစ်နေတာ။ ပြေးလို့လည်း ညဘက်ကြီးမို့ မရဘူး။ ကျင်းတွေထဲ ဝင်နေရတယ်”ဟု ယနေ့(အောက်တိုဘာ ၂၅)ည ၁၀နာရီ ၃၀မိနစ်ဝန်းကျင် အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။

People's Spring
People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့ ယနေ့ည တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီက လူ‌နေရပ်ကွက်များဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ပန်ဆိုင်းမြို့ ရပ်ကွက်(၅)ရှိ လူ‌နေအိမ်များအနီးသို့ လက်နက်ကြီးများ ကျရောက်‌ပေါက်ကွဲနေ၍ ဒေသခံများသည် ပုန်းခိုကျင်းအတွင်း ဝင်ရောက်ပုန်းအောင်းနေရသည်ဟုဒေသခံများကပြောသည်။

“လက်နက်ကြီးတွေက စစ်တပ်က ပစ်နေတာ။ ပြေးလို့လည်း ညဘက်ကြီးမို့ မရဘူး။ ကျင်းတွေထဲ ဝင်နေရတယ်”ဟု ယနေ့(အောက်တိုဘာ ၂၅)ည ၁၀နာရီ ၃၀မိနစ်ဝန်းကျင် အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။

ပန်ဆိုင်းမြို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA)နှင့် တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (TNLA)အပြင် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ MNDAAလည်း ရှိနေသည်။ အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေသည့်အဖွဲ့ကို လက်တလောအတည်မပြုနိုင်သေးပေ။ဒေသခံများကမူ KIAနှင့်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIAသည် ပြည်သူနှင့်အတူရပ်တည်လျက် ပြည်သူ့တပ်ဦးရှေ့မှ အာဏာ သိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ခြင်းတွင် ပါဝင်ဦးဆောင်လျက်ရှိသည်ကို တိုင်းရင်းသားပြည်သူများကိုယ်စား များစွာကျေးဇူးတင် ဂုဏ်ယူလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့ထားသည်။

KIOဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီ အင်ဘန်လကလည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်နေသည့် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း KIO ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်နေ့ဖြစ်သည့် ယနေ့(အောက်တိုဘာ ၂၅ရက်)ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook