Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး အထိနာ၍ထွက်ပြေး

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တပ်ခွဲမှူးတစ်ဦးနှင့် ရဲဘော်တစ်ဦးဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သရက်ခရိုင် အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်သည်။

(သရက်ခရိုင် တပ်ရင်း(၄)နှင့်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်အချို့အား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - MOD)
(သရက်ခရိုင် တပ်ရင်း(၄)နှင့်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်အချို့အား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - MOD)

အိမ်သွင်/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်‌ကောင်စီတပ်ကို ပိတ်ဆို့တိုက်ခိုက်ရာ ၃၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားနှင့် ရွှေထည်အချို့ သိမ်းဆည်းနိုင်ကြောင်း သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ရခိုင်တောင်တန်းများနှင့်အနီးရှိသည့် မင်းတုန်းမြို့နယ်ရှိ မှန်ကျေးရွာကို နိုဝင်ဘာ ၁၉ရက်ကတည်းက ဝင်ရောက်လာသော အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား နိုဝင်ဘာ ၂၆ရက်တွင်သရက်ခရိုင်အမှတ်(၄)တပ်ရင်း တပ်ခွဲ(၁) နှင့် တပ်ခွဲ(၃)က ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်သည်။

နံနက် ၆နာရီမှစ၍တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ် ၄၀ခန့်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ခန့် သေဆုံးပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးသွားသည်ဟု သရက်ခရိုင် အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း MA-‌1 သေနတ်သုံးလက်၊ MA-3 လေးလက်၊ ၄၀မမ ဗုံးပစ်လောင်ချာတစ်လက်၊ MA15 ငါးကြင်းမြှီးစက်လက်တစ်လက်၊ ၆၀မမ စိန်ပြောင်းတစ်လက်၊ ကင်းထောက်ဒရုန်း(၁)စီး၊ တိုက်ခိုက်ရေးဒရုန်းတစ်စီး နှင့် ကျည်အများအပြားသိမ်းရခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဒေသခံများထံမှ ခိုးယူထားသော ရွှေလက်ကောက် သုံးကွင်း သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ကပစ-၁၈(တောင်တွင်းကြီး)မှ တပ်ကြပ်အဆင့် စစ်သုံးပန်းတစ်ဦးအား ဖမ်းမိခဲ့သည်ဟု ဆိုသည်။

” ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်း တစ်နာရီလောက်အကြာမှာ ရဟတ်ယာဉ်နဲ့လာပစ်တယ်။ မြို့ပေါ်ကနေ ဖြတ်ပျံပြီး ပစ်တာပါ”ဟု မင်းတုန်းမြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲမတိုင်မီ နိုဝင်ဘာ ၂၁ရက်နှင့်၂၂ရက်ကလည်း သရက်ခရိုင်အမှတ်-၄တပ်ရင်းနှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သရက်ခရိုင် အမှတ်(၄)တပ်ရင်းက သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုမြတ်က အသိပေးထားသည်။

ထို့အပြင် တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တပ်ခွဲမှူးတစ်ဦးနှင့် ရဲဘော်တစ်ဦးဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သရက်ခရိုင် အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်သည်။

မင်းတုန်းမြို့တွင် အောက်တိုဘာ၂၁ရက်ကလည်း သန်းခေါင်းစာရင်းကောက်ရန် နယ်မြေရှင်းလင်းသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်တဲ့ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သရက်ခရိုင်အမှတ်(၄) တပ်ရင်းက အောက်တိုဘာ ၂၂ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook