Connect with us

Hi, what are you looking for?

သတင်း

အခြေခံကျောင်းများတွင် ကျောင်းသုံးဖတ်စာအုပ်အဟောင်းများ လက်ဆင့်ကမ်းသုံးမည့်စနစ်ကျင့်သုံးရန် စစ်ကောင်စီ ကြိုးပမ်း

လက်ရှိပညာရေးဝန်ထမ်းတစ်ဦးကမူ ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းသုံးမည့် စနစ်ကျင့်သုံးမည့်သတင်းအပေါ် အောက်ပါအတိုင်း မေးခွန်းထုတ်ထားသည်။

အခြေခံကျောင်းများတွင် ကျောင်းသုံးဖတ်စာအုပ်အဟောင်းများ လက်ဆင့်ကမ်းသုံးမည့်စနစ်ကျင့်သုံးရန် စစ်ကောင်စီ ကြိုးပမ်း
အခြေခံကျောင်းများတွင် ကျောင်းသုံးဖတ်စာအုပ်အဟောင်းများ လက်ဆင့်ကမ်းသုံးမည့်စနစ်ကျင့်သုံးရန် စစ်ကောင်စီ ကြိုးပမ်း

အိမ်သွင်/People’s Spring

လာမည့်စာသင်နှစ်မှစတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းသုံးမည့်စနစ် စတင်ကျင့်သုံးရန် စစ်ကောင်စီက စီစဉ်‌နေပြီး Non CDM ပညာရေးအသိုင်းအဝိုင်းနှင့် ကျောင်းသားမိဘများက ဝေဖန်နေကြသည်။

” တရားဝင်စာ မထွက်သေးဘူး။ ဒါပေမယ့် ဖြစ်ဖို့များနေပြီ။ကျောင်းအုပ်က ဒီအကြောင်း အစည်း အဝေးမှာ ပြောလာတယ်”ဟု ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှ အလယ်တန်းပြဆရာမတစ်ဦးက ပြောသည်။

စာရွက်ဈေးနှုန်းကြီးမြင့်မှုနှင့် ပုံနှိပ်ထုတ်ဝေရေးအခက်အခဲများကြောင့် ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းသုံးမည့်စနစ် အကောင်အထည်ဖော်ရန်စီစဉ်ခြင်းဟု နှုတ်ဖြင့် ကနဦးအသိပေးမှုရှိကြောင်း ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

Public Service Announcement

Public Service Announcement

စာသင်နှစ်ပြီးဆုံးပါက ကလေးငယ်များအသုံးပြုသင်ကြားခဲ့သော စာအုပ်များကို ကျောင်း၌ပြန်လည်အပ်နှံရမည်ဟု ဆိုသည်။

“ကျောင်းသားတိုင်း နှစ်ကုန်ရင်စာအုပ်တွေ ပြန်အပ်ရမယ်လို့ ဆရာမကြီးက ပြောလာတယ်။ အဲ့ဒါက မဖြစ်နိုင်ဘူးလေ။ စာအုပ်တွေက ပျက်စီးနေတာတွေရှိတယ်။ ကျောင်းသုံးစာအုပ်ထဲမှာတင် ဘောပန်(န်)နဲ့မှတ်ပြီး လေ့ကျင့်ခန်းလုပ်ရတာတွေရှိတယ်။ ပြန်အပ်ဆိုအပ်မယ်။ အစုတ်ပဲရမယ်”ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

လက်ရှိပညာရေးဝန်ထမ်းတစ်ဦးကမူ ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းသုံးမည့် စနစ်ကျင့်သုံးမည့်သတင်းအပေါ် အောက်ပါအတိုင်း မေးခွန်းထုတ်ထားသည်။

” အတွေ့အကြုံကို အခြေခံပြီးပြောပါ့မယ်။G12စာ အုပ်ဘယ်အချိန်အပ်ခိုင်းရမလဲ။ပြဲတာစုတ်တာ မစုံတာတွေကို ဘယ်ပုံစံနဲ့ပြန်လက်ခံရမလဲ။လာမဲ့နှစ် ကျောင်းအပ်ချိန်မှာ အဲ့ဒီအဟောင်းကိုထုတ်ပေးရင် ကလေးတွေက ယူချင်ပါ့မလား။ကျောင်းအုပ်နဲ့ ဆရာမနဲ့ ရင်းနှီးလို့ မလွန်ဆန်နိုင်တဲ့သူဖြစ်လို့ ဘာကောင်ညာကောင်သားသမီးဖြစ်လို့ အသစ်ထုတ်ပေးရပြီး ဘာမှမရှိတဲ့ ကျောမွဲကျအဟောင်းတွေပေးရင် မယူလို့ပြသနာရှာရင် ဘယ်လိုဖြေရှင်းကြမလဲ။စုန်းပြူးဆရာ/ဆရာမတွေက ကျုရှင်တက်မဲ့ကလေးကို လက်သိပ်ထိုးအသစ်ထုတ်ပေးတာမျိုးတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။ ဘယ်မိဘဘယ်ကျောင်းသားကမှ သူများအကျ အဟောင်းအမြင်းကိုလိုချင်ကြမှာမဟုတ်။ သားသမီးက ပူဆာရင် မိဘတွေကအသစ်ရှာကြံဝယ်ပေးရမယ်ဆိုရင် ခုခေတ်အခြေအနေနဲ့ တော်ရုံမိဘမတတ်နိုင်လောက်ဘူး ကျောင်းသားများတဲ့မိဘဆိုခက်ပြီ။အမျိုးမျိုးရှာကြံဒုက္ခပေးနေတယ်လို့ထင်မိတယ်” ဟု ပြောသည်။

အဆိုပါအစီအစဉ်ကို လာမည့် ၂၀၂၅ ပညာသင် နှစ်တွင် စစ်ကောင်စီက အကောင်အထည်ဖော်ရန်ပြင်ဆင်နေသည်ဟု ပညာရေးအသိုင်းအဝိုင်းကပြောသည်။

” စစ်အာဏာသိမ်းမှုကို နိုင်ငံကို တွင်းနက်ထဲအထိဆွဲချသွားပြီ။ ပညာရေးကို ဦးစားပေးရမယ့်ခေတ်မှာ ချို့ချို့တဲ့တဲ့ စာသင်ကြရတော့မယ်။ တခြားနိုင်ငံကကလေးတွေ အိုင်ပက်ကိုင်နေချိန်မှာ ကျနော်တို့ နိုင်ငံကကလေးတွေကတော့ စစ်တပ်ကြောင့် မျက်နှာငယ်ကတော့မယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook