Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တွင် KNLAပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၅ဦး ထပ်မံသေဆုံး၊ လက်နက် ၅လက်ရ

နိုဝင်ဘာ ၂၂ရက်ကလည်း KNLAပူးပေါင်းတပ် သိမ်းရထားသည့် စစ်ကောင်စီ၏ မထောစစ်စခန်းအား နယ်မြေရှင်းလင်းစဉ် ၈၁ မမ လက်နက်ကြီး တစ်လက်ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၅ဦး ထပ်မံသေဆုံးပြီး လက်နက် ၅လက်သိမ်းရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၃၀ရက်နှင့် ဒီဇင်ဘာ ၁ရက်တွင်ဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေကို အသိပေးလာခြင်းဖြစ်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁ရက်)တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နှင့်တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များမှ ဖာပွန်ခရိုင် ထွီးသီးအုနေရာရှိ အာဏာသိမ်းစစ်ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၃၀ရက်ကလည်း KNLA ပူးပေါင်းတပ်သည် စစ်ကောင်စစ်တပ်နှင့် ဖာပွန်နယ်မြေ (ငှက်ပျောတော)တွင် တစ်ကြိမ် ၊ ထွီးသီးအု နယ်မြေတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားလေးဦးသေဆုံးကာ MA-1 (၃)လက်နှင့် MA-4 (၁)လက်ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၂ရက်ကလည်း KNLAပူးပေါင်းတပ် သိမ်းရထားသည့် စစ်ကောင်စီ၏ မထောစစ်စခန်းအား နယ်မြေရှင်းလင်းစဉ် ၈၁ မမ လက်နက်ကြီး တစ်လက်ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

KNLA ပူးပေါင်းတပ်သည် မထောစခန်းအား သိမ်းပိုက်ပြီးနောက် စခန်းမှထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကြားဖြတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၂၃ရက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး နိုဝင်ဘာ ၂၇ရက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၅ဦးသေဆုံးခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

KNLAပူးပေါင်းတပ်သည် နိုဝင်ဘာအတွင်း စစ်ကောင်စီတပ်စခန်း ၃ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖာပွန် စစ်ကောင်စီဗျူဟာကို ၀ိုင်းရံပိတ်ဆို့ ထိုးစစ်ဆင်လျက်ရှိသည်ဟု KNLAအတူတိုက်ပွဲဝင်နေသည့် တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဒေသခွဲက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook