Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများလုံခြုံရေးစိန်ခေါ်မှု အခက်အခဲများဖြေရှင်းနိုင်ရေး ကြိုးပမ်းနေဟု TNLA ပြော

PSLF/TNLA သတင်းပြန်ကြားရေးဌာနက နိုဝင်ဘာထုတ် စာစောင်၏အယ်ဒီတာ့အာဘော်တွင် ယခုကဲ့သို့ ထည့်သွင်းဖော်ပြ အသိပေးခဲ့ခြင်းဖြစ်သည်။

(နိုဝင်ဘာလ ၃၀ ရက်က တအာင်းဒေသရှိ ကျောက်မဲမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ − TNLA)
(နိုဝင်ဘာလ ၃၀ ရက်က တအာင်းဒေသရှိ ကျောက်မဲမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ − TNLA)

ဟန်နွေ/People’s Spring

တအာင်းဒေသတွင်းရှိ ပြည်သူများ၏လုံခြုံရေးစိန်ခေါ်မှု၊ စားဝတ်နေရေးအခက်အခဲ အကြပ်အတည်းများ ဖြေရှင်းနိုင်ရန် အစဉ်အမြဲ ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း တအာင်းတပ်မတော်(PSLF/TNLA) က အသိပေးသည်။

PSLF/TNLA သတင်းပြန်ကြားရေးဌာနက နိုဝင်ဘာထုတ် စာစောင်၏အယ်ဒီတာ့အာဘော်တွင် ယခုကဲ့သို့ ထည့်သွင်းဖော်ပြ အသိပေးခဲ့ခြင်းဖြစ်သည်။

TNLAပါဝင်သည့် ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးသည် တအာင်းဒေသအတွင်းရှိ မြို့နယ် (၁၂) မြို့ကို စစ်ကောင်စီလက်အောက်ခံမှ လွတ်မြောက်နိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေး (၁)နှစ်တာကာလအတွင်း စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူများအား ဦးတည်ပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ပြည်သူများ အသက်သေဆုံးရပြီး၊ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်၊ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ရေးတင်းမာနေချိန်တွင် စစ်ကောင်စီမှ တအာင်းဒေသအတွင်း တင်ပို့ရောင်းချမည့် စားသောက်ကုန်များ၊ ဆေးဝါးများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်သုံးဆီများ သယ်ယူတင်ပို့မှုကို ပိတ်ပင် တားမြစ်ထားကြောင်း TNLAက ဆိုသည်။

ထိုကြောင့် ပြည်သူများသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုံခြုံရေး စိန်ခေါ်မှုနှင့် စားဝတ်နေရေးအကြပ်အတည်း အခက်အခဲများ ရင်ဆိုင်ကြုံ တွေ့နေရကြောင်း၊ ပြည်သူများ၏ အကြပ်အတည်း အခက်အခဲများ ဖြေရှင်းနိုင်ရန် မိမိတို့ PSLF/TNLA မှ တအာင်း ဒေသအတွင်း တင်ပို့ရောင်းချမည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီများနှင့် ဆောက်လုပ်ရေးပစ္စည်း များ အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း အသိပေးသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုံခြုံ ရေးစိန်ခေါ်မှု ဖြေရှင်းနိုင်ရန်လည်း PSLF/TNLA မှ တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း သဘောထားထုတ်ပြန်ထားပြီးဖြစ်သည်ဟု TNLAက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် TNLAက ဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားသည့်ကြားမှ TNLA ထိန်းချုပ်မြို့ရွာများကို လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်နေခြင်းဖြစ်သည်။

တရုတ်၏ ကြားဝင်မှု၊ ဒေသခံပြည်သူများ၏ စစ်ဘေးဒဏ် ခံစားနေရမှုကို ငဲ့ညှာ၍ စစ်ရေးတင်းမာမှု များ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အသင့်ရှိကြောင်း TNLAက နိုဝင်ဘာ ၂၅ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် နိုဝင်ဘာ ၃၀ရက်တွင် ကျောက်မဲမြို့ကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၅လုံး ပျက်စီးခဲ့သည်ဟုTNLAက အသိပေးထားသည်။

နိုဝင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့၊ ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်များမှ ပြည်သူ ၃၈ဦး သေဆုံးကာ ၇၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။ ထို့ပြင် နေအိမ် ၁၃၀ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။